Armor FHD

Armor

Action Crime Thriller FHD 2024-10-30 5 89 Min

ဒီတစ်ခါတော့ အခုမှအသစ်ထွက်ထားတဲ့ Expendables franchise နဲ့Rocky မင်းသားကြီး Sylvester Stallone ပါဝင်ထားတဲ့ Actionဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအစမှာတော့ JamesBrody လို့ခေါ်တဲ့ ရဲအရာရှိဟောင်းတစ်ယောက်ဟာ မိန်းမဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးနောက် သားဖြစ်သူCasey ကိုလည်း ဂရုမစိုက်နိုင် အရက်‌တွေသောက်ပြီး အလုပ်ထွက်ထားရတဲ့ သူတစ်ယောက်ပါ။ဒါကြောင့်အရက်ဖြတ်ချင်ယောက်ဆောင်ပြီး အရက်ခိုးသောက်နေတဲ့သူပေါ့။Casey မှာလည်း Sarah လို့ခေါ်တဲ့ ဇနီးသည်နဲ့အတူ မွေးတော့မယ့်ကလေးလေးလည်းရှိပါသေးတယ်။သူတို့သားအဖဟာဘဏ်ကပိုက်ဆံကားမောင်းတဲ့အလုပ်မှာတူတူလုပ်နေကြပြီး ကောင်းမွန်တဲ့ဆက်ဆံရေးလည်းရှိပါတယ်။တစ်နေ့ ပိုက်ဆံသွားပို့ရင်း လမ်းမှာ ဓားပြတိုက်ခံရလို့ သားအဖနှစ်ယောက် သံချပ်ကာကားကြီးထဲမှာတစ်ချိန်လုံး‌ပုန်းနေရပါတော့တယ်။ထူးဆန်းတာက ပိုက်ဆံများများစားစားမပါပေမဲ့ ဓားပြအင်အားကတော့အထူးတပ်ဖွဲ့အဆင့်ရှိတဲ့အတွက် ပါးနပ်နဲ့James ဟာပိုက်ဆံသက်သက်အတွက်လိုက်လာတာမဟုတ်မှန်းသိလိုက်ပါတော့တယ်။ဒီတော့ ဓားပြတွေကဘာကိုလိုချင်လို့ James တို့သားအဖကို တိုက်ခိုက်တာလဲ…Jamesတို့သားအဖကရောလွတ်မြောက်နိုင်ပါ့မလားဆိုတာကိုဒီဇာတ်ကားလေးမှာအဖြေရှာရင်း ကြည့်ရှု့ဖို့အကြံပေးချင်ပါတယ်။