ရှုပ်ထွေးလှတဲ့ သိုင်းလောကကို ဓားသိုင်းကျမ်းတစ်ခုအားကိုးနဲ့ ဝင်လာတဲ့ တင်းဖောင်တစ်ယောက်…လောကနံပါတ်၁ နေရာရဖို့ သိုင်းပညာရှင်တစ်ယောက်ပြီးတစ်ယောက်ကို စိန်ခေါ်တိုက်ခိုက်ပြီး နေရာတစ်ခုရဖို့ ကြိုးစားနေချိန်မှာပဲ…တစ်နေ့တော့ မိန်းကလေးတစ်ယောက်ကသူနားနေတဲ့ သစ်ရိပ်ဆီ အပြေးရောက်လာပြီး…ပြန်ပေးသမားတွေလက်က ထွက်ပြေးလာရတာမို့ကယ်တင်ပေးဖို့ တောင်းပန်ခဲ့တယ်…တင်းဖောင်လည်း အဲ့မိန်းကလေးတောင်းဆိုသမျှကိုအတတ်နိုင်ဆုံး ကူညီပေးဖို့ ကြိုးစားခဲ့တယ်…နောက်တော့လည်း အိုးချင်းထားတော့ အိုးချင်းထိ ၊ကြိုးချင်းထားတော့ ကြိုးချင်းငြိဆိုသလိုပဲ…တင်းဖောင်နဲ့ ဒီမိန်းကလေး ချစ်ကျွမ်းဝင်ခဲ့တယ်…ဒါပေမယ့် ၇ လပိုင်း ၁၅ ရက်နေ့မှာ ဂိုဏ်းချုပ်တစ်ဦးနဲ့စိန်ခေါ်တိုက်ခိုက်ရမှာမို့ သူ့ကိုမနှောင့်ယှက်ချင်လို့ဆိုပြီး မိန်းကလေးပျောက်သွားခဲ့တယ်…တင်းဖောင်လည်း ဒီစိန်ခေါ်ပွဲအတွက် သူကြိုးစားလေ့ကျင့်ခဲ့တယ်…တကယ့် စိန်ခေါ်ပွဲနေ့မှာတော့….ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့…….