ကားမတော်တဆမှုတစ်ခုမှာ မိဘတွေကိုဆုံးရှုံးလိုက်ရပေမယ့်ခေတ်လွန်သိပ္ပံနည်းပညာစမ်းသပ်မှုတစ်ခုကြောင့် တစ်ဦးတည်းအသက်ရှင်ကျန်ရစ်ခဲ့တဲ့ဂရေ့စ်ဟာ ဆေးရုံဆင်းလာကတည်းကချောက်ချားစရာပုံရိပ်တွေနဲ့အသံတွေကိုမြင်နေကြားနေရပြီးတမလွန်ကရင်းနှီးသူတွေက သူ့ကိုတစ်စုံတစ်ခုသတိပေးဖို့ကြိုးစားနေတယ်လို့ ထင်လာခဲ့ပါတယ်။သူငယ်ချင်းကိတ်နဲ့အတူနေထိုင်တဲ့ဂရေ့စ်ကိုသိပ္ပံစမ်းသပ်မှုတစ်ခုလိုသဘောထားတဲ့ဒေါက်တာစတုန်းက ဂရေ့စ်ကိုကင်မရာတွေနဲ့အချိန်ပြည့်စောင့်ကြည့်နေတာကြောင့် တစ်စုံတစ်ခုထူးခြားနေမှန်းသိတဲ့အတွက် ဆေးရုံလာဖို့ငြင်းဆန်နေတဲ့ဂရေ့စ်ကိုဖမ်းဖို့သူ့လက်ထောက်ဂျွန်ကိုစေခိုင်းလိုက်ပါတယ်။ဒါပေမဲ့ ဂျွန်၊ ဂရေ့စ်နဲ့ကိတ်တို့သုံးယောက်လုံးကို လူသတ်သမားတစ်ယောက်ကဖမ်းဆီးသွားတဲ့အခါမှာတော့ဆန်းသစ်တဲ့နည်းပညာတွေထည့်သွင်းခံထားရတဲ့ဂရေ့စ်တစ်ယောက် ကိတ်နဲ့ဂျွန်ကိုကယ်ပြီးလူသတ်သမားလက်က ဘယ်လိုလွတ်အောင်ပြေးမလဲဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်။