Russian Ark HD

Russian Ark

Drama Fantasy History HD 2002-05-22 7.3 99 Min

ရုရှားဒါရိုက်တာကြီး အလက်ဇန်ဒါဆိုးခူရော်ဗ်ရဲ့ ပြောင်မြောက်လှတဲ့ အနုပညာဖန်တီးမှုတစ်ခု။စိန့်ပီတာစဘတ်မှာရှိတဲ့ ဟာမစ်တိတ်ပြတိုက်က ဆောင်းရာသီနန်းတော်ထဲမှာ အခန်းပေါင်း၃၃ခန်းကိုlong takရိုက်ကူးမှုနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ပြသွားတဲ့ ခမ်းနားလှတဲ့ရုရှားရုပ်ရှင်။ရှေးရုရှားဘုရင်တွေရဲ့ အနုပညာ၊ဂီတနဲ့ ယဉ်ကျေးမှုသမိုင်းကိုတန်ဖိုးထားကြပုံတွေ၊အဓိကအနေနဲ့နာမည်ကျော်ပန်းချီကားတွေကို ကိုယ်တိုင်လိုက်ကြည့်နေရသလိုခံစားရအောင် တင်ဆက်သွားခဲ့တာ။အဓိကဇာတ်ကောင်အနေနဲ့ကတော့ ၁၉ရာစုနှစ်ခရီးသွားဥရောပသားကြီးတစ်ယောက်ဆောင်းရာသီနန်းတော်ထဲက ပန်းချီကားတွေကိုလိုက်စပ်စုတာ၊ ဂီတခန်းမ အကခန်းမတွေဆီမှာလျှောက်သွားနေခဲ့တာကို ရိုက်ပြထားတာမို့ ခံစားကြည့်ရှုကြပါဦး။