Madame Claude HD

Madame Claude

Comedy Drama HD 1977-05-11 4.9 105 Min

Madame Claude ဆိုတဲ့ ဇာတ်ကားကတော့ ၁၉၆၀-၁၉၇၀ ဝန်းကျင်မှာ ကျော်ကြားခဲ့တဲ့ Paris မြို့ကပြည့်တန်ဆာခေါင်းကြီး Fernende Grudet ခေါ် Madame Claude အကြောင်းကိုအခြေခံထားတာ ဖြစ်ပါတယ်။Madame Claude ရဲ့ ပြည့်တန်ဆာဝန်ဆောင်မှုက ကြီးလွန်းလို့အာဏာအရှိဆုံးဆိုတဲ့ ယောက်ျားတွေ သူဌေးတွေ နိုင်ငံရေးသမားကြီးတွေ နာမည်ကြီးတွေပါအသုံးပြုကျတဲ့အတိုင်း သူ့မှာလျှို့ဝှက်ချက်တွေ အများကြီးကို ကိုင်ဆောင်ထားတဲ့လူပါ။ဒီဇာတ်လမ်းထဲမှာ Madame Claude ရဲ့ စီးပွားရေး အင်ပါယာ ကိုယ်ပိုင် ဘဝ နောက်ကျောကိုဓါးနဲ့ထိုးတာတွေ အာဏာတွေ အားနည်းချက် တွေကို ယောက်ျားတွေ ကြီးစိုးတဲ့ ကမ္ဘာမှာဘယ်လိုကျော်ဖြတ်ခဲ့ရသလဲဆိုတာကို တင်ဆက်ပြသထားတာပဲဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့ ဇာတ်ကောင်ကတော့ Sidonie ဆိုတဲ့ အမျိုးသမီးပါMadam Claude ရဲ့တပည့် သူမရဲ့ ကိုယ်ပိုင်ဘဝရော အလုပ်မှာရော အရေးပါခဲ့တဲ့ လူပါ။Madam Claude တယောက် အာဏာကြီးလာတာနဲ့အမျှ ရန်သူတွေလဲများလာပါတယ်။နောက်ဆုံး သူတည်ဆောက်ထားတဲ့ အင်ပါယာကြီးကိုပါပျက်စီးဖို့ ဖြစ်လာတဲ့အခါမှာ ဘယ်လိုဖြေရှင်းကျော်လွှားမလဲဆိုတာ…။၁၉၇၇ ဝန်းကျင်က ပြင်သစ်နိုင်ငံရဲ့ နိုင်ငံရေးတွေ ယဥ်ကျေးမှုတွေ သေချာလေးတင်ဆက်ထားတာဖြစ်လို့ ခေတ်ဟောင်းပုံစံတွေ စိတ်ဝင်စားတယ်ဆိုရင် ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်ခင်ဗျာ။– အဖော်အချွတ်ခန်းတွေပါဝင်တာမလို့ မိသားစုနဲ့တော့ ကြည့်လို့မရပါဘူး။