The Merry Gentlemen HD

The Merry Gentlemen

Comedy Romance HD 2024-11-20 5.8 85 Min

Comedy ၊ Holiday နဲ့ Romance ရုပ်ရှင် The Merry Gentlemenကတော့ ဝမ်းဗိုက်ကြွက်သားခြောက်ခုနဲ့အမိုက်စားမင်းသားတွေကိုတစ်ဝကြီးကြည့်ရမယ့်ခရစ္စမတ်ကားဖြစ်ပါတယ်။ဘရော့ဒ်ဝေးရဲ့ ဂျင်ဂဲလ်ဘဲစ်ဘဲလေးအကအဖွဲ့မှာ ၁၂ နှစ်ကြာအောင်အရွယ်ကောင်းကိုမြှပ်နှံထားခဲ့တဲ့အက်ရှ်လေတစ်ယောက်အသက်ကြီးလာပြီဆိုတဲ့အကြောင်းပြချက်နဲ့အထုတ်ခံလိုက်ရတဲ့အခါတစ်ဘဝလုံးကြိုးစားခဲ့သမျှပြိုလဲသွားသလိုခံစားရပြီးမိဘတွေရှိတဲ့နယ်မြို့လေးကိုပြန်သွားခဲ့ပါတယ်။မိဘတွေပိုင်တဲ့အရက်ဘားဟာ တစ်ချိန်ကမြို့ရဲ့အထင်ကရနေရာဖြစ်ခဲ့ပေမယ့်ခေတ်ကာလပြောင်းလဲတာနဲ့အမျှ ခေတ်နောက်ကျကျန်ရစ်ပြီး အကြွေးတွေနဲ့ဆိုင်ပိတ်ရတော့မလိုဖြစ်နေခဲ့ပါတယ်။အက်ရှ်လေက ပညာရှင်အကသမားပီပီ အကဖျော်ဖြေပွဲတစ်ခုဖန်တီးပြီးဆိုင်ကိုကယ်တင်ဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့အက်ရှ်လေက လူတွေရဲ့အာရုံကိုဆွဲဆောင်နိုင်ဖို့ သူ့ပတ်ဝန်းကျင်ကခန္ဓာကိုယ်တောင့်တင်းတဲ့ရုပ်ချောချောအမျိုးသားတွေကိုအသုံးချပါတော့တယ်။ခရစ္စမတ်အမျိုးသားအဝတ်ချွတ်ဖျော်ဖြေပွဲအတွက်အက်ရှ်လေနဲ့အဆင်တစ်သိုက်ပြင်ဆင်ကြပုံကို ကြည့်ရှူကြရမှာဖြစ်ပါတယ်။