Rings HD

Rings

Horror HD 2017-02-01 5 102 Min

ဒီကားလေးကတော့ ဂျူလီယာဆိုတဲ့ကောင်မလေးက ကောလိပ်သွားတက်တဲ့ သူ့ကောင်လေးနဲ့ တစ်ညမှာဗီဒီယိုကောပြောအပြီးအဆက်အသွယ်မရရာကနေ တစ်နေ့ကျ သူ့ကောင်လေးရဲ့ ကွန်ပြူတာကနေထူးထူးဆန်းဆန်းတွေပြောတဲ့ကောင်မလေးနဲ့ စကားပြောမိလိုက်တယ်။အဲ့ကောင်မလေးပြောတာက သူ့ကောင်လေးကို ပုန်းလို့မရဘူး “သူ”လာနေပြီတဲ့။ဂျူလီယာလည်း စိတ်ပူပြီးသူ့ကျောင်းကိုလိုက်သွားရာမှာ သူနဲ့ပြောခဲ့တဲ့ကောင်မလေးကပဲ ဂျူလီယာကို သူ့ကောင်လေးကိုတွေ့ဖို့နည်းရှိတယ်။တစ်ခုတော့အရင်လုပ်ရမယ်ဆိုပြီး ဗီဒီယိုတစ်ခုကိုပြတယ်။အဲ့နောက်မှာဂျူလီယာသိလိုက်ရတာက ကြည့်မိပြီးတဲ့လူတိုင်းခုနှစ်ရက်အတွင်းသေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို သူတို့ကောလိပ်က ဇီ၀ဗေဒပရော်ဖက်ဆာက စမ်းသပ်မှုတစ်ခုအနေနဲ့ ကျောင်းသားအနည်းစုကိုကြည့်ခိုင်းတယ်တဲ့ကျောင်းသားတစ်ယောက်က ကြည့်ပြီးတာနဲ့ ခုနှစ်ရက်ပြည့်ခါနီးကျ နောက်တစ်ယောက်ကို အဲ့တာကိုကြည့်ခိုင်းပြီး ကျိန်စာကို လက်ဆင့်ကမ်း‌ပေးတော့ ဘယ်သူမှမ‌သေတော့ဘူးပေါ့။ကျောင်းသားတွေကအလှည့်ကျကြည့်ကြပြီး ‌သူတို့ရဲ့နောက်ကျိန်စာကိုလက်ခံမယ့်သူကို ” နောက်လိုက် ” လို့ခေါ်ကြတယ်။ဒါပေမယ့် ကျောင်းသားတွေ ကျိန်စာစပြောင်းလဲလာတာကို သတိထားမိလာကြတဲ့အပြင်ကျောင်းသားတစ်ယောက်ပါ သေဆုံးသွားတဲ့အခါ အကုန်လုံးကြောက်လန့်ကုန်ကြပြီးအခုကျိန်စာကူးသွားတဲ့ ဂျူလီယာနဲ့ သူ့ကောင်လေးက နည်းလမ်းရှာကြရင်း သိလိုက်ရတာက အဲ့ဗီဒီယိုထဲမှာဘယ်သူမှမမြင်ဖူးတဲ့ နောက်ထပ်ဗီဒီယိုတစ်ခုရှိနေတယ်ဆိုတာပဲ။သူတို့အဲ့ဒီကျိန်စာကို ဘယ်လိုဆက်ရင်ဆိုင်မလဲဆိုတာကိုတော့ ကြည့်ကြည့်လိုက်ကြနော်။