The Falling Star HD

The Falling Star

Comedy Crime HD 2024-01-31 5.5 98 Min

‘ဘိုရိစ်’ဆိုတဲ့ လူတစ်ယောက်က ၈၀ ပြည့်နှစ်နှောင်းပိုင်းမှာ နိုင်ငံရေးတက်ကြွသူတစ်ဦးဖြစ်ခဲ့ပြီး ဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် ဝရမ်းပြေးဖြစ်ကာ နှစ်ပေါင်းများစွာပုန်းလျှိုးကွယ်လျှိုးနေရသူတစ်ဦး ဖြစ်ပါတယ်။သူ့မိတ်ဆွေ ‘တင်မ်’ဆိုတဲ့သူရယ်၊ သူ့ချစ်သူ ‘ကာယိုကို’ဆိုတဲ့အမျိုးသမီးရယ်နဲ့ ‘ဥက္ကာကြယ်’ဆိုတဲ့ ဘားတစ်ခုကို ဖွင့်ပြီး ဇာတ်မြှုပ်နေခြင်းဖြစ်ပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့ဘားထဲကို လက်တစ်ဖက်ပြတ် လူတစ်ယောက်က ဝင်လာကာ လက်စားချေတဲ့အနေနဲ့ သူ့ကို သေနတ်နဲ့ပစ်သတ်ဖို့ ကြံပါတော့တယ်။လက်ကတစ်ဖက်ပြတ်နေတဲ့အတွက် ကလဲ့စားချေမှုက မအောင်မြင်လိုက်ပါဘူး။သူတို့ ၃ ယောက်သား ထွက်ပြေးဖို့ ကြံစည်ကြတဲ့အချိန်မှာပဲ ဘိုရိစ်နဲ့ ရုပ်ချင်း ချွတ်စွတ်တူသူ ‘ဒွန်မ်’ဆိုတဲ့လူတစ်ယောက်ကို တွေ့လိုက်တဲ့အခါ ဘယ်လိုအလွဲတွေ ဆက်ဖြစ်မလဲဆိုတာ ဆက်လက်ရှုစားကြည့်ပါဦး။