Taken ကားနဲ့ အဖေခန်းတွေမှာ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး လီယံနီဆင်ဟာ ဒီရုပ်ရှင်မှာတော့ အဘိုးဖြစ်လာပါပြီ။အသက်ကြီးလာတဲ့ လက်ဝှေ့သမားဟောင်း ဂန်းစတားကြီးဟာ ကုလို့မရတဲ့ဦးနှောက်ရောဂါတစ်ခုဖြစ်နေတာ သိပြီးတဲ့နောက်မှာသူအကြာကြီး ပစ်ထားခဲ့တဲ့ သားသမီးတွေ မြေးတွေကို ပြန်ကူညီဖို့ ကြိုးစားပါတော့တယ်။သူ့ရဲ့မှတ်ဉာဏ်တွေပေါ်လိုက်ပျောက်လိုက်ဖြစ်နေရင်းကပဲ သူ့မိသားစုအတွက် ကောင်းတာတစ်ခုခုလုပ်ပေးဖို့ ကြိုးစားနေတာပါ။ဒါပေမဲ့ သူ့လို ဂန်းစတားတစ်ယောက်အတွက် ကောင်းတာတစ်ခုလုပ်ဖို့တတ်တဲ့ပညာကလည်း မကောင်းတာတွေပဲဖြစ်နေတော့ လူမိုက်တွေ၊ဂန်းစတားတွေနဲ့အသက်လုပြီး သူ့သမီးနဲ့မြေးကို ကူညီဖို့ ကြိုးစားရပါတော့တယ်။Action, Thriller အမျိုးအစားကိုမှမိသားစုဒရာမာတွေနဲ့မို့ ကြည့်လို့ကောင်းပါလိမ့်မယ်။