Painter HD

Painter

Comedy Drama Romance HD 2023-11-02 8.3 109 Min

ငွေဆိုတာ လောကကိုဝါးမြိုနေတဲ့အရာတစ်ခုလို့ပဲသတ်မှတ်ထားတဲ့ ပန်းချီဆရာလေးဟာကောင်းကင်ကို ဆေးရောင်စုံစပ်တဲ့ဗန်းကမ္ဘာမြေကြီးကို ပတ္တူဖျင်စလို့ သဘောထားပြီးသူ့ရဲ့စိတ်ကူးစိတ်သန်းတွေကို ရေးဆွဲရရုံနဲ့တင်ကျေနပ်နေတဲ့အရာပေါ့။ ငွေကို ဒုတိယဘုရားသခင်အနေနဲ့ သတ်မှတ်ထားတဲ့လောကကြီးမှာ ငွေရမယ့်အလုပ်ကို စိတ်မဝင်စားတဲ့သူ့ကိုပတ်ဝန်းကျင်ကလူတွေကတော့ နားမလည်ကြဘူးပေါ့လေ။တစ်နေ့ စိတ်ကူးထဲက သိပ်လှတဲ့မိန်းကလေးတစ်ယောက်ကိုပန်းချီဆွဲထားတဲ့ ပန်းချီကားလေးကို ဆင်မီဆိုတဲ့သူဌေးသမီးလေးက တွေ့သွားပြီးတော့ မရမက ပူဆာပါတော့တယ်။ဒါပေမဲ့ ပန်းချီဆရာလေးကလည်း ဒီပန်းချီကားကို မပြီးသေးတဲ့အတွက်မရောင်းချင်လိုတိုင်းတ တတိုင်းရခဲ့တဲ့သူဌေးသမီးမလို့ ဆင်မီကလည်းမလျှော့နဲ့ဒီပန်းချီကားတစ်ချက်ကနေ စလိုက်တဲ့ရေစက်ကဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။