From Darkness HD

From Darkness

Horror Thriller Mystery HD 2024-03-22 6.2 95 Min

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိသတ်တွေကို သည်းထိပ်ရင်ဖို ဖြစ်စေမယ့် Swedish Horror ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၄ မတ်လတုန်းက ထွက်ရှိထားတာဖြစ်ပြီးတော့ နိုင်ငံတကာမှာလည်း ဆုတွေရရှိထားကာ nominationတွေလည်း အများကြီးဝင်ထားပါတယ်။ Philip W. da Silva ကဒါရိုက်တာအဖြစ် ရိုက်ကူးထားပြီးတော့ အဓိကဇာတ်ဆောင်တွေအဖြစ် Oscar Skagerberg, Rakel Benér နဲ့ Peter Mörlin တို့ကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ သဘာဝဥယျာဉ်ထဲမှာပျောက်ဆုံးသွားတဲ့လူတစ်ယောက်ကို Angelica ဦးဆောင်တဲ့ရှာဖွေရေးအဖွဲ့က လိုက်ရှာရင်း တောနက်ထဲမှာ ခြောက်ခြားစရာအဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရပါတော့တယ်။ကြည့်ရှုသူတွေအနေနဲ့ အဲဒီတောထဲကနေ သူတို့ဘယ်လိုပြန်ထွက်နိုင်အောင်လုပ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့စိတ်လှုပ်ရှားဖွယ် ကြည့်ရှုကြရမှာပါ။ဇာတ်လမ်းက အစကနေအဆုံးထိ ရသပေါင်းစုံကို ပေးစွမ်းနိုင်ပြီးတော့IMDb မှာ Rating ကောင်းတစ်ခုကို ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။