The Girl with the Fork FHD

The Girl with the Fork

Thriller FHD 2024-07-11 6 94 Min

လူတွေကအတိတ်မှာအပြစ်တွေလုပ်ထားပြီးရင် မသိသလိုဟန်ဆောင် မေ့ပျောက်လိုက်ကြတာများပါတယ်။အဲ့ဒီနည်းနဲ့မှရှေ့ဆက်လို့ရမှာကိုး။အဲ့လိုမေ့ပျောက်လိုက်တဲ့အခါမှာ ဘာပြဿနာတွေဖြစ်လာလဲဆိုတော့ကိုယ်ကသာမေ့သွားပေမဲ့ ကိုယ့်အပြစ်ကြောင့်နစ်နာခဲ့တဲ့လူတွေကတော့ မမေ့နိုင်ပဲ အငြိုးဆိုတာထားတတ်လာကြပါတယ်။ကိုယ်ကအဲ့ဒီအရာတွေကိုမေ့ပျောက်ပြီးပျော်ပျော်နေလေလေ ခံစားရသူဖက်မှာတော့ပိုဒေါသထွက်စရာကောင်းလာလေလေပါပဲ။အဲ့ဒါကြောင့်တစ်ခါတစ်လေမှာတော့အပြစ်ပြုဖူးတဲ့လူတွေကိုပြန်မှတ်မိလာအောင် သင်ခန်းစာပေးဖို့လိုအပ်လာပါတယ်။အဲ့ဒီအကြောင်းတွေကိုမြင်သာအောင်ရိုက်ကူးထားတဲ့IMDb Rating 6.2 အထိရရှိထားတဲ့ The Girl with the Fork ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးထဲမှာဆိုရင် အန်နာနဲ့မိုက်ခ်ဆိုတဲ့လင်မယားနဲ့ စီလီယာနဲ့ပေါလ်ဆိုတဲ့သားအဖေတွေမှာ လျှို့ဝှက်ထားတဲ့အပြစ်တွေကိုယ်စီရှိကြပါတယ် သူတို့ကတော့အဲ့ဒီအပြစ်တွေကိုမေ့ပျောက်ထားကြပေမဲ့လျှို့ဝှက်တဲ့အဖွဲ့အစည်းတစ်ခုကသူတို့ဆီကိုဖုန်းတွေနဲ့ဆက်သွယ်လာပြီးသူတို့ရဲ့အတိတ်ကိုပြန်မှတ်မိလာအောင်လုပ်ပေးပုံတွေနဲ့ သူတို့ရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်သွားမဲ့ပုံတွေကို ရင်ဖိုစိတ်လှုပ်ရှားအောင်ရှင်းရှင်းလင်းလင်းနဲ့ မရှင်းတရှင်းရိုက်ကူးထားတဲ့အတွက် တစ်မျိုးလေးကြည့်ရှုခံစားရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။