About Cannabis and Cancer HD

About Cannabis and Cancer

Documentary HD 2019-10-10 8.3 77 Min

ဒီ Documentary လေးကတော့ ကင်ဆာကို ဆေးခြောက်နဲ့ကုမယ်ဆိုတဲ့ နည်းကိုဆေးပညာရှုထောင့်ကနေပြောသွားတာဖြစ်ပါတယ်။ဆေးခြောက်ဆိုတာ မကောင်းတဲ့အရာလို့တော်တော်များများက မှတ်ယူထားကြတာကို သိမယ်ထင်ပါတယ်။ တကယ်လည်း မကောင်းသလိုသုံးရင်တော့ မကောင်းပါဘူး။“တန်ဆေး၊ လွန်ဘေး” ဆိုတဲ့ စကားလည်းရှိပါတယ်။ဒါပေမယ့် ဆေးပညာရှုထောင့်ကနေကြည့်လိုက်ရင် မော်ဖင်းနဲ့ ဆေးခြောက်ကဲ့သလို့ မူးယစ်ဆေးဝါးတွေက ကမ္ဘာဦးအစ စစ်ပွဲတွေကစလို့ ဆေးပညာနယ်ပယ်မှာအသုံးပြုနေတာဖြစ်ပါတယ်။ဒီ Documentary မှာတော့ ကင်ဆာရောဂါကို ဆေးခြောက်သုံးပြီး ဘယ်လိုများ ကုသသွားမလဲ၊အရှင်းကြီးပျောက်တာမျိုးမဟုတ်ရင်တောင်မှ သက်သာအောင်ဘယ်လိုများလုပ်နိုင်မလဲဆိုတာကို အကျယ်တဝင့် ရှင်းပြသွားမှာဖြစ်ပါတယ်။