ဒီတစ်ခေါက်မှာတော့ လုံးဝကို ရယ်မော ပျော်ရွှင်စေမယ့်ဟာသကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်….ဇာတ်လမ်းလေးကတော့ ဆေးဝါးစက်ရုံမှူးတစ်ယောက်ရဲ့ကောင်းမှူနဲ့ အရူး ၃ ကောင်စုဝေးသွားတာပါပဲ…ပထမအရူးကတော့ သိုင်းလောကအရူးပါ…သိုင်းလောကဆိုတဲ့စကားလုံးကို ပါးစပ်ကမချတဲ့ ငွေတိုးချေးသမားပါပဲ…သူက ယုံကြည်စိတ်နဲ့ စက်ရုံမှုးကို ငွေသိန်း ၂၀ ချေးခဲ့ပေမယ့်…ငွေမဆပ်နိုင်ရင် ဆေးဝါးစက်ရုံရဲ့ ဂျင်ဆင်းရိုင်းကို ပေးမယ်ကတိပေးထားပေမယ့်…လူသေလို့ အကြွေးပျက်သွားတဲ့ အဖြစ်မျိုး ကြုံရပြန်တယ်…နောက်အရူးတစ်ယောက်ကတော့ စက်ရုံမှူးရဲ့ လောင်ကစားမက်တဲ့ သားရူးပါပဲ…သူကလည်း လောင်းကစားကြွေးကို ခြေတစ်ဖက်ရင်းရတော့မယ့်အခြေအနေမှာပဲ…သူလည်း ဂျင်ဆင်းရိုင်းနဲ့ အကြွေးဆပ်မယ်ပြောထားပြီးမြွေပါလည်းဆုံး သားလည်းဆုံးတဲ့ဘဝရောက်နေပြန်တယ်…နောက်ဆုံးအရူးကတော့…စက်ရုံက အလုပ်သမားဟောင်းအဖေကြီးဆေးဖိုးကို တောင်းဖို့ကြိုးစားရင်းနဲ့ …စက်ရုံမှူးအမွေအရှုပ်ထုပ်ကြားထဲရောက်သွားတာ…သုံးယောက်လုံး ဦးတည်ချက်ကတော့…သိန်း ၂၀ တန်တဲ့ ဂျင်ဆင်းရိုင်းကိုရယူဖို့ပါပဲ…ဘဝမှာ ပထမဆုံး ပစ္စည်းခိုးရမှာဆိုတော့ဘာတွေဘယ်လိုပြင်ဆင်ကြ လွဲကြတယ်ဆိုတာကို….ဟာသအနေနဲ့ ကြည့်ရှုရမယ့် ကားကောင်းလေးမို့အတူရယ်မောဖို့ ဖိတ်ခေါ်လိုက်ပါတယ်…