လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာသားသမီးနဲ့ကြား ညီအစ်ကိုမောင်နှမတွေနဲ့ သမီးရည်းစားတွေကြားမှာရောဘယ်လိုမျိုးရင်ဖွင့် ဖေးမပေးကြဖို့ လိုအပ်ပါသလဲ။နားလည်မှုနဲ့ ဖေးမမှုဆိုတာကို ဒီဇာတ်လမ်းလေးထဲကဟွမ်နဲ့ မာရီရာနိုတို့ လိင်တူချစ်သူ ၂ဦးကနေအတိုင်းအတာတစ်ခုထိ သိမြင်ခံစားနိုင်မှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဟွမ်နဲ့ မာရီရာနိုတို့ဟာ မြို့ကြီးပြကြီးကနေ အေးချမ်းတိတ်ဆိတ်လှတဲ့နယ်ဘက်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ဟွမ်ကတော့ နာမည်ရခါစ စာရေးဆရာလေးတစ်ဦးဖြစ်ပြီးမာရီရာနိုကတော့ အပင်ငယ်လေးတွေစိုက်ပျိုးပါတယ်။သိပ်ကိုချစ်စရာကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားကြပြီးပျော်ရွှင်စွာဖြတ်သန်းနေရင်းက ဟွမ်ရဲ့မိတ်ဆွေ ခါလာဆိုတဲ့အမျိုးသမီးလာလည်ရာက အတွေးတွေကိုမြိုသိပ်တတ်တဲ့ဟွမ်တစ်ယောက်အတွေးပေါင်းများစွာနဲ့ ပုံမှန်လုပ်နေကျမဟုတ် အနည်းငယ်ထူးဆန်းစွာ ပြုမူလာခဲ့ပါတယ်။ဒါကိုသူတို့ လိင်တူချစ်သူ၂ယောက် ဘယ်လိုမျိုးနားလည်မှုတွေနဲ့အဆင်ပြေအောင် ဖြေရှင်းယူကြမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။တချို့ဇာတ်ဝင်ခန်းလေးတွေဟာ မိသားစုနဲ့အတူကြည့်ရှုဖို့ရာ မသင့်လျော်ပါ။File size… 1.06 GB / 586 MBဘယ်လောက်အတိုင်းအတာထိ ပွင့်လင်းဖို့လိုအပ်ပါသလဲ။