အသစ်ထွက်ရှိလာတဲ့ ကန်နားဒါးစကားပြောပရိသတ်အကြိုက်အက်ရှင်ဇာတ်ကြမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအစမှာ ပါကစ္စတန်ရဲတပ်ဖွဲ့က အိန္ဒိယလူမျိုးလူသန်ကြီးတစ်ယောက်ကို လုံခြုံရေးအထပ်ထပ်နဲ့ ဖမ်းဆီးခေါ်ဆောင်လာတယ်တိရစ္ဆာန်အရိုင်းတစ်ကောင်လို အန္တရာယ်များတဲ့ အဲဒီလူရဲ့ ကိုယ်ထဲမှာလည်းဆေးတချို့ပျံ့နှံ့နေပြီး သူဘယ်သူလဲ ဘယ်ကလာတာလဲတစ်စွန်းတစ်စမှ မသိလောက်အောင် မှတ်ဉာဏ်ပျောက်ဆုံးနေတဲ့လူဒီလိုလုံခြုံရေးအဆင့်မြှင့်ထားတဲ့ ကြားထဲက ထွက်ပြေးလွတ်မြောက်သွားတဲ့အခါမှာသူ့ရဲ့ အတိတ်၊ ရည်ရွယ်ချက်နဲ့ သူ့ကိုဒီလိုဖြစ်သွားအောင်လို့ဘယ်သူကဘာလုပ်ခဲ့လဲဆိုတာ စတင်ရှာဖွေစုံစမ်းရင်း ဘယ်လိုစွန့်စားခန်းတွေ ဖြစ်လာဦးမှာလဲကြမ်းကြမ်းရမ်းရမ်း အက်ရှင်အသားပေးတဲ့ အိန္ဒိယအက်ရှင်ဇာတ်လမ်းအထာအတိုင်းတင်ဆက်ထားတဲ့ ဒီကားလေးမှာ ဆက်လက်ကြည့်ရှုကြပါဦး