2023 မှာထွက်ရှိထားတဲ့ Horror, Suspense, Thrillerဇာတ်လမ်းတစ်ခုဖြစ်ပြီးတော့ ဒါရိုက်တာ Eric Owenရိုက်ကူးကာ သရုပ်ဆောင်များဖြစ်ကြတဲ့ Lori Kovacevich,Brain Cogley, Brian Villalobos, Amelia Glazner တို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။Knox County လို့ခေါ်တဲ့မြို့ငယ်လေးမှာ ဆေးဝါးကုမ္ပဏီတစ်ခုရဲ့ပေါ့ဆမှုကြောင့် ရေညစ်ညမ်းမှု ဖြစ်ပွားကာ အိပ်မပျော်တဲ့ရောဂါဟာ ပျံ့နှံ့သွားပါတယ်။ ရေညစ်ညမ်းမှုကြောင့် ဘုံဘိုင်ရေကိုလုံးဝသောက်သုံးလို့မရတဲ့ အခြေအနေမှာ ကလေးရဖို့ကြိုးစားနေတာကြာပြီဖြစ်တဲ့ စုံတွဲတစ်တွဲဟာ ထိုအချိန်မှာ ကံကောင်းကံဆိုးစွာနဲ့ပဲ ကလေးရလာခဲ့ပါတယ်။ရေသန့်ဘူးပြတ်တောက်မှုကြောင့် သောက်ရေရရှိဖို့အတွက်အဆိုပါစုံတွဲဟာ သူတို့သူငယ်ချင်းတွေနဲ့အတူ စွန့်ပစ်ထားတဲ့စိုက်ပျိုးမွေးမြူရေးခြံက ရေကန်လေးဆီသွားရပါတော့တယ်……