Rachel Getting Married HD

Rachel Getting Married

Drama Romance HD 2008-09-03 6.3 113 Min

2008 ခုနှစ်မှာ ထွက်ရှိပြီး ဆု ၃၂ ဆု best leadingactress Oscar Nomination အပါအဝင် Nomination ၆၅ နဲ့အဲဒီအချိန်က ဝေဖန်ချက်ကောင်းတွေ ရရှိခဲ့တဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။Family Drama အကြောင်း အသားပေးရိုက်ကူးထားပြီး ဒါရိုက်တာJonathan Demme ရိုက်ကူးကာ အားလုံးသိကြတဲ့ မင်းသမီးချော Anne Hathaway ,Rosemarie DeWitt နဲ့ မင်းသမီးကြီး Debra Winger , မင်းသား Bill Irwin တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Anne Hathaway ကို ပထမဆုံးအကြိမ်Oscar nomination ရစေခဲ့တဲ့ကားဖြစ်ပြီးတော့ ဒီကားမှာတော့ ပုံမှန်ချစ်စရာကောင်းတဲ့Anne Hathaway ကို Rehab ကထွက်လာတဲ့ Drug Addict အနေနဲ့မြင်ရမှာပဲဖြစ်ပါတယ်။ဆယ်နှစ်အတောအတွင်း rehab ကိုဝင်လိုကထွက်လိုက်လုပ်နေရတဲ့ Kym ဟာသူ့အစ်မ Rachel မင်္ဂလာဆောင်အတွက် rehab ကနေ ထွက်လာပါတယ်။ကိုးလကြာ sober ဖြစ်နေတဲ့ Kym ဟာ rehab ကနေထွက်လာရတဲ့အတောအတွင်းမင်္ဂလာဆောင်ကျင်းပမဲ့ သူတို့ရဲ့မိသားစုအိမ်မှာ နေထိုင်ခဲ့ပါတယ်။မင်္ဂဆောင်အတွက် စီစဥ်ကြရင်း ပြန်ပြီးပေါ်ထွက်လာတဲ့ သူတို့မိသားစုပြဿနာတွေနဲ့Kym ပြန်ရောက်လာတာကြောင့် အမြစ်ပြန်ပေါ်လာတဲ့ အနာဟောင်းတွေကိုတို့မိသားစုဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်….