ဒီ ဇာတ်လမ်းလေးကအမေရိကန် နိုင်ငံရဲ့ အယောက်လေးဆယ်မြောက်ရုပ်ရှင် သရုပ်ဆောင်ကနေ သမ္မတလာဖြစ်တဲ့ ရော်နယ်ရေဂန် ရဲ့ ဘဝဇာတ်ကြောင်း Biography ဇာတ်လမ်းလေးပါ၊ ဒီဇာတ်လမ်းက Paul Kengor ရဲ့ The Crusader: Ronald Reagan and the Fall of Communism ဆိုတဲ့ စာအုပ်ကို Inspired ယူပြီး ရိုက်ထားတာပါ ။ရော်နယ်ရေဂန်က ဟောလိဝုဒ်မင်းသားကနေ California ရဲ့ မြို့တော်ဝန်ဖြစ်လာပြီး အမေရိကန် နိုင်ငံရေးလောကထဲကို ဝင်လာပြီးတော့ အမေရိကန်နဲ့ ဆိုဗီယက်တို့ စစ်အေးတိုက်ပွဲ အပြင်းအထန်ဖြစ်နေတဲ့အချိန်မှာ သမ္မတဖြစ်ခဲ့တာပါ။ အခု ဂျိုးဘိုင်ဒန်မတိုင်ခင်အထိ ရေဂန်က အမေရိကန် သမ္မတတွေထဲမှာ အသက်အကြီးဆုံး သမ္မတ တစ်ယောက်ပါ။ ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲတာ သူ့ကြောင့်လို့ တော်တော်များများကအခုချိန်ထိပြောကြပါတယ် ။ ဒီထဲမှာတော့ ဆိုဗီယက် KGB အေးဂျင့်ဟောင်းတစ်ယောက်က သူ့အကြောင်းကို ပြန်ပြောတဲ့ Narrative ပုံစံမျိုးနဲ့ ဇာတ်လမ်းကို သွားထားပါတယ်။ဟောပြောပွဲတွေမှာ စကားနဲ့ ပြည်သူကို သိမ်းသွင်းနိုင်ပြီး ဟာသဉာဏ် ရွှင်ရွှင်နဲ သမ္မတ ရော်နယ်ရေဂန်ရဲ့ ဘဝအတက်အကျနဲ့ အမေရိကန်ရဲ့ စစ်အေးတိုက်ပွဲကာလ အခြေအနေတွေနဲ့သမိုင်းကြောင်းတွေကို သေချာလေးသိချင်ရင်တော့ ဒီကားလေးကို ကြည့်သင့်ပါတယ်။