ဒီကားလေးကတော့ ၂၀၂၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ပြင်သစ် comedy/drama ရုပ်ရှင်လေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ Michele ဆိုတဲ့အမျိုးသမီးကလေဆိပ်မှာနေနေပြီးသူ့သားပြန်လာတာကိုစောင့်မျှော်နေတဲ့အိမ်ခြေမဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာသူပိုက်ဆံတွေအများကြီးရသွားတော့ Theo လို့ခေါ်တဲ့စိတ်ကျန်းမာရေးမကောင်းတဲ့ကောင်လေးတစ်ယောက်ကို Lisbon မှာရှိတဲ့သူ့သားကိုရှာဖို့လိုက်ပို့ခိုင်းရင်းTheo ကမသိဘဲလက်ခံလိုက်ရာမှသူတို့ခရီးတစ်လျှောက်ကြုံတွေ့ပြီးသံယောဇဥ်ရှိလာတာကို ကြည့်ရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။