ဒီတစ်ခါ တင်ဆက်ပေးမယ့် သရဲဟာသရုပ်ရှင်ကားကောင်းမှာတော့ Cha Tae Hyun, Kang Ye Won,Ko Chang Seok, Jang Young Nam တို့လို ဝါရင့် သမ္ဘာရင့်ကြီးများစွာပါဝင် သရုပ်ဆောင်ထားတဲ့အတွက်ကြည့်လိုက်တာနဲ့ နောင်တမရစေမဲ့ ကားဆိုတာတော့ အသေအချာပါပဲ။ဇာတ်လမ်းကတော့ဂန်ဆန်းမန် (Cha Tae Hyun)ဟာ ဘဝကိုအရှုံးပေးပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အကြိမ်ကြိမ် ကြိုးစားနေတဲ့ တစ်ကောင်ကြွက်တစ်ယောက်ပေမဲ့လည်းအကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ဖြစ်ခဲ့သူပေါ့။တစ်ရက် အဆုံးစီရင်ဖို့ကြိုးစားရင်း ဆေးရုံကိုရောက်သွားပြီးနောက်ပိုင်း ထူးထူးခြားခြားသရဲတွေကို စမြင်လာသလို သရဲ၄ကောင်က သူ့ခန္ဓာကိုယ်ကို အတူတူမျှသုံးပြီး သူ့အိမ်အထိပါကပ်လိုက်လာတဲ့အတွက် သရဲတွေကို နှင်ထုတ်ဖို့ သူတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ညှိနှိုင်းပြီးတဲ့အခါမှာတော့…အထီးကျန်ပြီး သေချင်နေတဲ့ ဂန်ဆန်းမန်တစ်ယောက် သရဲတွေရဲ့ဆန္ဒကို လိုက်ဖြည့်ဆည်းပေးရင်းဘယ်လို အလွဲဟာသလေးတွေ ဖြစ်မလဲ ဆိုတာကို မြှုပ်ကွက်လေးတွေနဲ့ အတူ ရသမျိုးစုံနဲ့အဆုံးထိ စိတ်ဝင်စားဖို့ကောင်းအောင် ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားကြီးမလို့ကိုယ်တိုင်ခံစားကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်နော်။