Bhagwan Bharose HD

Bhagwan Bharose

Comedy Drama Family HD 2023-05-13 6.7 97 Min

ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားကတော့ဟင်ဒီစကားပြော အိန္ဒိယကားဖြစ်ပြီးMDb 6.4/10 ရရှိထားတဲ့ကားဖြစ်တဲ့အပြင်လန်ဒန်မှာကျင်းပတဲ့ ၂၅ ကြိမ်မြောက်UK Asian Film Festival မှာအပိတ်ဇာတ်ကားအဖြစ် ရွေးချယ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၉ ခုနှစ် မြောက်အိန္ဒိယရဲ့ရွာငယ်လေးတစ်ခုကဘိုလာနဲ့ရှန်ဘူဆိုတဲ့ကလေးလေးနှစ်ယောက်ပေါ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ရိုးရာယုံကြည်မှုတို့ကို မျက်စိမှတ်ကိုးကွယ်ကြတဲ့ ရွာလေးတစ်ရွာဖြစ်တဲ့အလျောက်ဘိုလာနဲ့ရှန်ဘူတို့ဟာလည်း ရိုးရာနတ်ဘုရားတွေအကြောင်းကိုအရမ်းစိတ်ဝင်တစားမေးခွန်းထုတ်တတ်ကြသူတွေဖြစ်ကာအရိုးစွဲအောင်ယုံကြည်ကြသူတွေဖြစ်ပါတယ်။ဒါပေမယ့် ကျောင်းမှာ သိပ္ပံအကြောင်းသင်ရတဲ့အခါမှာတော့သူတို့ရဲ့အသိအမြင်တွေနဲ့ဆန့်ကျင်ဘက်တွေဖြစ်နေတာကြောင့်လက်မခံနိုင်အောင်ဖြစ်ရပါတော့တယ်။ဒါ့အပြင် နိုင်ငံရေးအလှည့်အပြောင်းတွေရဲ့ကြားမှာ ရိုးရာယုံကြည်မှုတွေထဲကမကောင်းဆိုးဝါးထက် လူ့ကိုယ်တွင်းကမကောင်းဆိုးဝါးတွေရဲ့ကြောက်စရာကောင်းပုံတွေကိုလည်း ရိုက်ပြထားပါသေးတယ်။နာမည်ကြီးမီဒီယာတွေကတောင် တဖွဲ့တနွဲ့ချီးကျူးပေးခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်တာကြောင့်အချိန်ကုန်ဘေကုန်ခံရကျိုးနပ်မယ့်ဇာတ်ကားလည်းဖြစ်ပါတယ်ဗျာ။