2023 ခုနှစ်ထွက် စပိန်ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ The Wait ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။Rings(2017) ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ F. Javier Gutiérrez က ဒီကားလေးကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ Eladio ဟာ Don Francisco ပိုင်ဆိုင်တဲ့ အမဲလိုက်တဲ့ခြံအကျယ်ကြီးမှာခြံစောင့်အဖြစ်လုပ်ကိုင်လျက်ရှိပါတယ်။သူ့မှာ မိန်းမနဲ့ သားလေးတစ်ယောက်လဲရှိပါတယ်။အမဲလိုက်သမားတစ်ဦးရဲ့ လာဘ်ထိုးတဲ့ငွေကို သူ့ပိုင်ရှင်မသိအောင် လက်ခံပြီးနောက်ပိုင်းမှာ သူ့ဘ၀ကအရင်လိုမဟုတ်တော့ပဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။တစိမ့်စိမ့်တွေးပြီးကြောက်ဖို့ကောင်းမယ့် ဇာတ်ကားဆိုလဲမမှားပါဘူး။