အိုလီနာ ဆိုတဲ့စုန်းမတစ်ယောက်ဟာ အန်ဒရေဆိုတဲ့ ယူကရိန်းစစ်သားနဲ့အတူ သာမန်ဘ၀လေးကိုပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။တစ်နေ့တော့ ရုရှားနဲ့ယူကရိန်းစစ်ဖြစ်ပွားရာ နိုင်ငံအတွင်းရုန်းရင်ဆန်ခတ်တွေဖြစ်ပေါ်နေပြီး အိုလီနာတို့လည်း အဒေါ်အိမ်ကိုထွက်ပြေးတိမ်းရှောင်ဖို့ကြိုးစားပါတယ်။ဒါပေမယ့် လမ်းခုလတ်မှာ ရုရှားတပ်ဖွဲ့တစ်ခုနဲ့တွေ့ဆုံခဲ့ပြီး ပဋိပကခဖြစ်ပွားပြီး ပစ်ခတ်ကြရင်းက အန်ဒရေသေဆုံးသွားခဲ့ပါတယ်။ဒီအဖြစ်အပျက်အပြီး အိုလီနာ က ထိုတပ်ဖွဲ့ကိုလက်စားချေရန်ဆုံးဖြတ်လိုက်ပါတော့တယ်။စုန်းမတစ်ယောက်က ရုရှားတပ်ဖွဲ့၀င်တွေကို တစ်ယောက်ချင်း ဘယ်လိုလက်စားချေသွားမလဲဆိုတာ ကြည့်ရှုရမှာပါ။