Oru Thavaru Seidhal HD

Oru Thavaru Seidhal

Crime Thriller HD 2024-04-05 8.3 123 Min

အိမ်လေးတစ်အိမ်ဆောက်ချင်လို့ပါ” ပိုက်ဆံမရှိတဲ့ ဆင်းရဲသားနင်းပြားသူငယ်ချင်းတစ်စုဟာအလုပ်ရှာဖို့မြို့ပေါ်ကိုတက်လာကြပါတယ်။ မြို့ပေါ်မှာလည်းထင်သလိုမဖြစ်ဘဲ နောက်ဆုံးအိမ်ငှားခတောင်မပေးနိုင်တော့တဲ့အတွက်အခန်းကနှင်ထုတ်ခံရပြီး ညအိပ်စရာတောင်မရှိတာကြောင့်ဈေးကြီးထဲမှာ အချိန်သွားဖြုန်းရပါတော့တယ်။အဲဒီမှာ ပန်းသည်ကြီးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီး ပိုက်ဆံရှာနည်းတွက်ချက်နည်း ဈေးရောင်းနည်းတွေကို လက်ချာရိုက်ခံလာပြီးဖုန်းတစ်ကော ၁၀ ရူပီးနဲ့ ငှားစားကာ ပထမဆုံးပိုက်ဆံ ၁၀၀စရှာလာနိုင်ခဲ့ပါတော့တယ်။သူတို့အဖွဲ့ရဲ့ မျှော်လင့်ချက်အိပ်မက်က အိမ်လေးတစ်အိမ်ဆောက်ပြီးအတူတကွပျော်ပျော်ရွှင်ရွှင်နေထိုင်သွားနိုင်ဖို့ပဲဖြစ်ပါတယ်။ဒီလိုနဲ့ ပိုက်ဆံရှာချင်ကြတဲ့သူတို့တစ်စုဟာ ငွေလွယ်လွယ်ရနိုင်မယ့်အခွင့်အရေးတစ်ခုနဲ့တွေ့ကြုံလိုက်တဲ့အခါမှာတော့ လှည့်စားမှုတွေ၊ မမြင်နိုင်တဲ့အန္တရာယ်တွေနဲ့ပြည့်နှက်နေတဲ့ အဲဒီလမ်းကြောင်းကိုပဲ လျှောက်လှမ်းဖို့ရွေးကြမလား..ဘဝနဲ့ချီပြီးရင်းခဲ့တဲ့ ဒီအလောင်းအစားကိုပဲ အနိုင်ယူနိုင်မလား..ကိုယ်ပိုင်ရည်မှန်းချက်တွေအောက်မှာပဲ သားကောင်အဖြစ် ကျရောက်သွားမလား….တမီးလ်ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး Crime, Thriller ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။