The Medicine King Coffin ဆိုတဲ့ခေါင်းစဉ်အတိုင်း သင်္ချိုင်းထဲမှာဆေးပညာတွေရှာဖွေရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မင်းစား ဟော့ချန်ရှန်းက ငယ်ငယ်ထဲကအဘိုးနိ့သိုင်းလောကထဲမှာဖြတ်သန်းကျော်လွှားပြီး ဆေးပညာဗဟုသုတနဲ့အဖိုးတန်ဆေးမြစ် ဆေးဝါးတွေကိုရှာဖွေလေ့လာတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်သူ့အဘိုးသေသွားပြီးနောက်မှာ သူ့ရဲ့ငယ်သူငယ်ချင်း ဟူယိဖားနဲ့အတူဆေးတိုက်လေးတစ်ခုဖွင့်ပြီး ရောဂါကုပေးပြီးဆေးဝါးတွေကိုရောင်းချစွာ အေးဆေးနေထိုင်ကာ အသက်မွေးကြပါတယ်တစ်နေ့မှာတော့ သူတို့ သူငယ်ချင်း၂ယောက် ဆေးတိုက်မှာအလုပ်ဆင်းနေချိန်အားမာန်လို့ခေါ်တဲ့ မျောင်မျိုးနွယ်စုက မိန်းကလေးတစ်ယောက်ဝင်လာပါတယ်အားမာန်ရောက်လာပြီးနောက် ဟောရန်ကျန်းလို့ခေါ်တဲ့ဘိုးတော်တစ်ယောက်ရောက်လာပြန်တယ်သူတို့ ၂ယောက်လုံးက ထူးဆန်းစွာနဲ့ “မင်းအဖေတင်ခဲ့တဲ့အကြွေးကသားဖြစ်သူက အကြွေးပြန်တပ်ပေးရမယ်” ဆိုပြီးဟော့ချန်ရှန်းတစ်ခါမှ မကြားဖူးတဲ့နေရာ “ဆေးဘုရင်တောင်ကြား”ကိုလိုက်ပို့ပေးပါလို့ ၂ဦးလုံးတောင်းဆိုလာကြတယ်ဟော့ချန်ရှန်းက အဖေနဲ့အဆက်သွယ်မရှိတာလည်း ကြာပြီဖြစ်သောကြောင့်အစကငြင်းဆိုခဲ့ရာမှ သူ့အဖေက ဘာဖြစ်လို့သူ့ကိုပစ်ပြီးဆေးဘုရင်တောင်ကြားထံထွက်သွားခဲ့ရတာလဲဆိုတဲ့အကြောင်းအရင်းကိုသိချင်လို့ သူတို့နဲ့အတူလိုက်ပါပေးဖို့ လက်ခံလိုက်ပါတယ်အားမာန်နဲ့ ဟောရန်ကျန်းတို့က ဘာဖြစ်လို့ဆေးဘုရင်တောင်ကြားကိုသွားချင်ရတာလဲဟော့ချန်ရှန်းရဲ့အဖေကရော ဆေးဘုရင်တောင်ကြားမှာရှိနေမလားဆေးဘုရင်တောင်ကြားဆိုတာ ဆေးဝါးတွေနဲ့ပြည့်နှပ်နေတဲ့ကောင်းကင်ဘုံလား ပုတ်ကောင်အလောင်းတွေနဲ့ပြည့်နေတဲ့ရဲဘုံလားဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ရအောင်ဗျာ