Longling Insect Valley HD

Longling Insect Valley

Fantasy Thriller Adventure HD 2022-05-04 8.3 68 Min

“လုံလင်ပိုးမွှားတောင်ကြား” ဆိုတာဘယ်လိုနေရာမျိုးလဲ။ အဆိပ်ရှိမြွေကြီးတွေ၊ဧရာမကင်းမြီးကောက်တွေ၊ ပင့်ကူတွေနဲ့ တခြားသောထူးဆန်းတဲ့သတ္တဝါတွေကျက်စားနေထိုင်ရာနေရာပေါ့။နှစ်ပေါင်းများစွာအိပ်ပျော်နေတဲ့ရှေးဟောင်းသားရဲတွေလည်းရှိတယ်လို့ဆိုကြတယ်။ဝင်သွားပြီးရင်ပြန်လမ်းမရှိတဲ့ သေမင်းတံခါးဝဖြစ်ပြီး၊ဘဝအသစ်စရာလို့လည်းဆိုကြပါတယ်။ဘာလို့ ဘဝအသစ်စရာလို့ပြောတာလဲ?လုံလင်ပိုးမွှားတောင်ကြားမှာသေဆုံးသွားပြီးရင်ပြန်လည်မွေးဖွားနိုင်တဲ့အစွမ်းရှိတဲ့သတ္တဝါတစ်မျိုးရှိတယ်တဲ့။ဒါကိုမျက်မြင်တွေ့ဖူးတဲ့ဇီဝဗေဒပါမောက္ခတစ်ယောက်ကအရူးလို့သတ်မှတ်ခံရပြီး၊ အလုပ်ကပါထွက်ခဲ့ရတယ်။သူဟာအဲ့ဒီသတ္တဝါတကယ်ရှိကြောင်းသက်​သေပြချင်နေခဲ့တယ်။ပိုးမွှားတောင်ကြားသုတေသနမှာပျောက်ဆုံးသွားတဲ့ပါမောက္ခတစ်ဦးရဲ့သားဖြစ်သူဟာလည်းအဲ့ဒီလျို့ဝှက်ဆန်းကြယ်တဲ့တောင်ကြားအကြောင်းကို တိတ််တိတ်လေးစုံစမ်းနေခဲ့တယ်။သူတို့၂ယောက်နဲ့ ကုလို့မရတဲ့ရောဂါခံစားနေရတဲ့လူချမ်းသာအဘိုးကြီးတို့တွေ့ကြတဲ့အခါလုံလင်ပိုးမွှားတောင်ကြားကိုခရီးဆက်မယ့်စွန့်စားခန်းစတင်ပါတော့တယ်မတူညီတဲ့ပန်းတိုင်ကိုယ်စီရှိကြတဲ့မတူညီတဲ့လူတွေအတူတကွခရီးဆက်ကြတဲ့အခါ….ဆန်းကြယ်တဲ့ ပဟေဠိ​တွေကိုအဖြေညှိကြရင်းရှေးဟောင်းသတ္တဝါတွေနဲ့တိုက်ပွဲမှာဘယ်သူကအနိုင်ရလေမလဲ။သေမျိုးဖြစ်စေနိုင်တဲ့ သတ္တဝါကရော တကယ်ရှိလား။ဘယ်သူတွေရဲ့ရည်ရွယ်ချက်ကအောင်မြင်ပြီး ဘယ်သူတွေက ကျဆုံးလေမလဲ။