ဒီနေ့တော့ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်အပေါင်းတို့ ရေငတ်တုန်းရေတွင်းထဲကျဆိုသလိုရသမျိုးစုံနဲ့ အိန္ဒိယရုပ်ရှင်တွေထွက်ရှိလာတဲ့နေ့တစ်နေ့ပါပဲ။အခုတဖန်တင်ဆက်ပေးမှာက အလန်းစား မလေယာလမ်းရုပ်ရှင်ကားကြီး။ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ ကြယ်တစ်စင်းကြွေသတဲ့ကွယ်။ဘုရင်ကြီးက ဒီအကြောင်းကိုကြားလေတော့ကြယ်အကြွေကိုသိမ်းယူပြီး နာမည်ကြီးပန်းပဲဆရာကြီးဆီမှာမီးအိမ်တစ်လုံး သွန်းလုပ်စေခဲ့တာပေါ့။ဒီမီးအိမ်လေးကြောင့် တိုင်းပြည်ဟာ ကြွယ်၀ချမ်းသာတယ်လို့တစ်ယောက်စကားတစ်ယောက်နား ပြောကြသတဲ့ကွယ်။တစ်နေ့ ဘုရင်ကြီးမှာ ဒုက္ခကြုံလာရတော့ ကြယ်ကြွေခဲ့တဲ့ရွာက သူရဲကောင်းကြီးတစ်ဦး ဖြေရှင်းပေးခဲ့ပါလေရော။ဒီလိုနဲ့ ဘုရင်ကြီးက လိုရာဆုလာဘ်တောင်းစေတဲ့အခါ မီးအိမ်ကိုပဲ သူတို့ရွာမှာ ပြန်လည်ထိမ်းသိမ်းထားချင်ပါတယ်လို့ဆိုသတဲ့ကွယ်။ ဒါက သူရဲကောင်းကြီးရဲ့ဇာတ်လမ်း။ဒီရုပ်ရှင်ကတော့ အာဂျာယန်ရဲ့ဇာတ်လမ်း။ တစ်ရွာလုံးကိုဒုက္ခပေးတဲ့ ဘဲလ်သံတချွင်ချွင်နဲ့ သူခိုးကြီးရဲ့ မြေးဖြစ်သူပေါ့။အဘိုးဖြစ်သူသမိုင်းကြောင်းကြောင့် အနှိမ်ခံခဲ့ရတဲ့ကောင်လေးတစ်ယောက်။ဒီကောင်လေး ဘယ်လိုဖြစ်လာမလဲ၊သူ့ကိုအနိုင်ကျင့်လှောင်ပြောင်တဲ့ တစ်ရွာလုံးကိုသူ ဘယ်လိုတုံ့ပြန်မှာလဲ။ ခံစားကြည့်ရှုပေးကြပါဦး