The Yin Yang Master HD

The Yin Yang Master

Action Drama Fantasy Adventure Romance HD 2021-02-12 6.7 113 Min

နာမည်ကြီးကားမို့ အထူးအထွေမိတ်မဆက်ပေးတော့ပါဘူးဇာတ်ကားနာမည်ကတော့ Ying Yang Master ပါ။Painted Skin (2012)မှာ ill-fated lover အနေနဲ့ပဲသရုပ်ဆောင်နေသလားမှတ်ရလောက်တဲ့Chen Kun နဲ့ Zhou Xun က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ Chen Kun (ချင်မင်) ဟာမိစ္ဆာတစ်ပိုင်းလူသားတစ်ပိုင်းပေါ့နော်။ သူက ခေါင်းကိုးလုံးမြွေရဲ့ဆက်ခံသူလို့ ဆိုနိုင်လောက်အောင် မိစ္ဆာသွေးပါနေခဲ့သူပါ။ ဒီကားလေးမှာလူနဲ့ မိစ္ဆာကို စည်းတစ်ခုခြားပြီး အတူယှဉ်တွဲနေတာဖြစ်ပြီးယင်းယန်အဖွဲ့ကတော့ စည်းကျော်လာတဲ့မိစ္ဆာတွေကို အပြစ်ပေးစီရင်တဲ့အဖွဲ့ပေါ့။ချင်မင်ကို လူမမယ်အရွယ်မှာယင်းယန်အဖွဲ့ကမွေးစားခဲ့ပေမယ့် နောက်ကြောင်းကို မသိခဲ့ဘူး။တစ်နေ့တော့ သရုပ်မှန်ပေါ်လာခဲ့ပြီး မိစ္ဆာကောင်ဆိုပြီး ညီအစ်ကိုတွေဆရာတွေရဲ့ ခွဲခြားဆက်ဆံတာကိုခံရတဲ့ ချင်မင်အဖို့ Zhou Xu (ပိုင်နီ)ဟာအလင်းရောင်ဖြစ်ခဲ့ပါတယ်။ ပိုင်နီကလည်း ချင်မင်လိုပဲ တာဝန်တစ်ခုနဲ့ယှဉ်တွဲမွေးဖွားလာသူပါ။သူ့တာဝန်ကတော့ ယင်းယန်အဖွဲ့ရဲ့ခေါင်းဆောင်အဖြစ်ရွေးချယ်ခံထားရသူပေ့ါ။ပိုင်နီနဲ့ချင်မင်က ကတိတစ်ခုထားထားတယ် ဒါကတော့ ချင်မင်ကပိုင်နီရဲ့ အမိန့်နာခံသူအဖြစ်နေပြီး လုံးဝ မိစ္ဆာဆိုးအဖြစ်မပြောင်းလဲသွားဘူးဆိုတာပါပဲ။ဒီကတိစကားကို ချင်မင်တည်နိုင်မှာလား။ပိုင်နီနဲ့ချင်မင်ကြားက သံယောဇဉ်ကရော ဘယ်လိုပြောင်းလဲသွားမလဲ။လူနဲ့ မိစ္ဆာကြားက တိုက်ပွဲကရော ဘာဖြစ်သွားမယ်ဆိုတာ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးမို့ ကြည့်ဖြစ်အောင်ကြည့်ကြည့်ကြနော်။