Nokturno HD

Nokturno

Horror HD 2024-10-31 5.3 99 Min

သဘာဝလွန် သည်းထိတ်ရင်ဖို Horror ဇာတ်ကားတွေကိုကြိုက်နှစ်သက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ဖိလစ်ပိုင်Horror ဇာတ်ကားတစ်ကားကို ယူဆောင်လာပါတယ်။အဓိကသရုပ်ဆောင်တွေအဖြစ် ဖိလစ်ပိုင်မင်းသမီးချောNadine Lustre, ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Eula Valdez,Ku Aquino တို့က ပါဝင်ထားပြီးတော့ ဒါရိုက်တာအဖြစ်Mikhail Red က ရိုက်ကူးပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဖိလစ်ပိုင်နိုင်ငံမှာဆိုရင် ပါးစပ်ပြောပုံပြင်တစ်ပုဒ်ရှိပါတယ်။ ညသန်းခေါင်ကျော်တဲ့အခါ တံခါးခေါက်သံကြားလို့ တံခါးဖွင့်ပေးလို့ရှိရင် အဲဒီတံခါးဖွင့်ပေးတဲ့သူဟာKumakatok ကျိန်စာသင့်သွားပြီးတော့ သုံးရက်အတွင်း ဝိညာဉ်တွေလာခေါ်တာကိုခံရကာ သေသွားပါတယ်။ ဒီဇာတ်ကားထဲမှာတော့ကျိန်စာကြောင့်သေဆုံးသွားတဲ့ ညီမဖြစ်သူရဲ့ ထူးခြားတဲ့သေဆုံးမှုကိုအစ်မဖြစ်သူကစုံစမ်းရင်း သူပါကျိန်စာမိသွားပြီးတော့ အဲဒီကျိန်စာရဲ့လက်ထဲကနေလွတ်မြောက်အောင် ကြိုးစားတဲ့ပုံကို သည်းထိတ်ရင်ဖိုကြည့်ရှုကြရမှာပါ။Horror Genre ဖြစ်တာနဲ့အညီ ရင်တုန်ပန်းတုန် ကြည့်ရှုရမှာဖြစ်ပြီးတော့ Horror vibe ကို လုံးဝပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။