Dìdi (弟弟) HD

Dìdi (弟弟)

Comedy Drama HD 2024-07-26 7.2 94 Min

2024 လောလောလတ်လတ်မှာ ထွက်ရှိထားတဲ့ Didiဇာတ်ကားဟာ ထွက်တာ မကြာသေးပေမဲ့ အခုကတည်းကဆုတွေရဖို့ nomination တွေဝင် Film Festival တွေမှာဆုရပြီးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ဒီကားလေးဟာ အာရှသား လူငယ်ဒါရိုက်တာ Sean Wang ရဲ့ငယ်ဘဝကို အခြေခံရိုက်ကူးထားပြီး ရုပ်ရှင်ထဲမှာပါတဲ့မင်းသားရဲ့ အဘွားက Sean Wang ရဲ့ အဘွားကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ဒီဇာတ်ကားက ၂၀၀၈ ခုနှစ်မှာ ၁၃ နှစ် အရွယ် ထိုင်ဝမ်လူမျိုးကောင်လေးတစ်ယောက် အမေရိကန်မှာ လူလားမြောက်လာတဲ့အခါနွေရာသီကျောင်းပိတ်ရက်တွေမှာ ဘယ်လို့အတွေ့အကြုံတွေကိုရင်ဆိုင်ရမလဲ ဘယ်လိုသင်ခန်းစာတွေရသွားမလဲ စတာတွေကိုဟာသလေးရောပြီး ရိုက်ပြထားတဲ့ မိသားစုဒရမ်မာကားလေးပဲဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်တွေရဲ့ စိတ်ခံစားချက်တွေရင်ဆိုင်ရနိုင်တာတွေကို အပြင်လောကနဲ့ ထပ်တူနီးပါး ဖော်ပြနိုင်ခဲ့လို့ ဒီဇာတ်ကားက အားလုံးအတွက် အရမ်းကိုရင်းနှီးနေမှာဖြစ်ပါတယ်။ ဇာတ်လမ်းအေးအေးလေးနဲ့ အတွေးတွေကိုခေါင်းထဲမှာ ချန်ထားပေးခဲ့မဲ့ ဒီ Comedy Drama ဇာတ်ကားကိုမဖြစ်မနေ ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါမယ်။