Shell Girl HD

Shell Girl

Action Mystery Science Fiction HD 2024-10-05 8.3 90 Min

အေအိုင်နည်းပညာ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းကြိုက်သူတွေအတွက်စိတ်ဝင်စားမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။လူသားDNAနဲ့နာနိုနည်းပညာပေါင်းစပ်ထားတဲ့ ကောင်မလေးတစ်ယောက်ဟာလက်တွေ့စမ်းသပ်ခန်းမှာရုတ်တရက်နိုးလာပြီးတော့ ထွက်ပြေးသွားခဲ့ပါတယ်။မှတ်ဉာဏ်တွေရှုပ်ထွေးနေတဲ့ကောင်မလေးက မှတ်ဉာဏ်အပိုင်းအစတွေနောက်လိုက်ရင်းသူဘယ်လိုလဲဆိုတာကိုရှာဖွေနေခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ကောင်မလေးထွက်ပြေးတဲ့အချိန်မှာ မအူမလည်နဲ့ကူညီခဲ့တဲ့ကောင်လေးကလဲအတိတ်မေ့နေတဲ့ကောင်မလေးကို ပစ်မထားရက်ပဲ အမြဲနောက်ကလိုက်ကူညီနေခဲ့တယ်။ကောင်မလေးရဲ့မှတ်ဉာဏ်တွေတဖြည်းဖြည်းနဲ့ ပြန်ပေါ်လာတဲ့အခါသူကနာမည်ကြီးဇီဝဗေဒပါမောက္ခကြီးတစ်ယောက်ရဲ့သမီးဖြစ်နေတာကိုသိလိုက်ရပြီး သူ့အဖေလုပ်ကြံခံရတာတွေကိုပါမှတ်မိလာတယ်။မှတ်ဉာဏ်အပိုင်းအစတွေကိုဖော်ထုတ်ရင်းနောက်ဆုံးအမှန်တရားဟာ သူထင်သလိုဖြစ်နေပါ့မလား……သူတို့၂ယောက်ရဲ့သရုပ်မှန်ဟာဘာတွေဖြစ်နေမလဲ