တရုတ်ကားချစ်သူတို့ရေ… တကယ်လို့ ဘဝအမောတွေပြေအောင်ဟာသကားကိုကြည့်ချင်တယ်ဆို… ဒီကားလေးကိုကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်…ဒီဇာတ်လမ်းလေးကဆိုရင် ကျွန်တော်ရည်းစား မာဖီးယားဆိုတဲ့ ပုံစံဆင်တူပဲ…နာမည်ကြီး ရှန်ဟိုင်ဂိုဏ်းချုပ်လောင်းကိုမှ ရေကန်ထဲလှေစီးပြီး ရေစက်ဆုံကာ ကယ်မိတဲ့ အားဝမ်…အားဝမ်ကတော့ သူ့လမ်းလေးအေးချမ်းဖို့အတွက် အစ်ကိုဟုတ်ဆိုတော့အမြတ်ကြီးစား ဒုစရိုက်လုပ်နေတဲ့သူရဲ့ အောက်ခြေသိမ်းအလုပ်ကြမ်းသမားလေးအဖြစ် နေနေတဲ့သူပေါ့…အစ်ကိုဟုတ်ကလည်း သူ့ရဲ့ ကြပ်မပြည့်တဲ့ လက်ဝှေ့သမားဖြစ်ချင်တဲ့သူ့အစ်ကိုဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့အတွက် လူရှာပြီးသူ့အစ်ကိုကို အဖော်ပြု လက်ဝှေ့ထိုးပေးမယ့်သူ ခဏခဏရှာခိုင်းတာ…အခုဆို ပွဲ ၁၀၀ ပြည့်ဖို့ နောက်ဆုံး တစ်ပွဲပဲလိုတာ…လက်ဝှေ့လည်း ထိုးချင်တယ် သူ့အစ်ကိုကိုလည်း မထိခိုက်စေချင်ဘူးဆိုတော့…အားဝမ်တစ်ယောက် ရေထဲက ကောက်ရတဲ့အမျိုးသမီးလေးကို ကြိုးစင်ပေါ်တင်ပေးဖို့အတွက် ဇာတ်လမ်းတွေဆင်တော့တာပေါ့…အတိတ်ကလည်းမေ့…. မျက်စိရှေ့မှာလည်းအားဝမ်ပဲမြင်နေရတာဆိုတော့ ဒီအမျိုးသမီးလေးလည်း…အားဝမ်ရဲ့ ဇာတ်လမ်းကို ယုံကြည်ပြီး ကြိုးစင်ပေါ်ကို တက်ခဲ့တာပေါ့…အဲ့ ကြိုးစင်ပေါ်တက်ခဲ့လို့ အားဝမ်တစ်ယောက် ဘာနောက်ဆက်တွဲတွေကြုံရမှာလဲ…ဒီပွဲရလဒ်ကရော ဘာဆက်ဖြစ်မှာလဲ…အားဝမ်နဲ့ ဘယ်ကလာမှန်းမသိတဲ့မိန်းကလေးကရော ဘာတွေဆက်ဖြစ်ကြမှာလဲပိတ်ကားပြင်ပေါ်မှာ အဖွဲ့နဲ့အတူတူဆက်ကြည့်ပြီး ရယ်မောလိုက်ကြရအောင်နော်…