ကွန်ဖူးဝါသနာရှင်တစ်ယောက်ဖြစ်တဲ့ရှီထိုရဲ့ အရှေ့မြောက်ပိုင်းရွာလေးကနေပြီးတောင်ပိုင်းစွန်းက ပင်လယ်ကမ်းခြေစန်းယအထိသွားပြီးသူရဲ့ကွန်ဖူးအိပ်မက်ကိုအကောင်အထည်ဖော်တဲ့ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ဂျက်ကီချန်းလို အောင်မြင်တဲ့ကြယ်ပွင့်ကြီးဖြစ်ချင်အိပ်မက်၊ စတီဗင်ချောင်လိုအောက်ခြေကစခဲ့ပြီး အောင်မြင်လာနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်တွေတစ်ပွေ့တစ်ပိုက်နဲ့ ရှီထိုတို့သူငယ်ချင်း(၂)ယောက်ဟာတရုတ်ပြည်မြောက်ဖျားကနေ တောင်စွန်းထိစွန့်စားပြီးရောက်လာခဲ့ကြတယ်မထင်မှတ်ပဲ ဇာတ်ဆောင်မင်းသမီးရဲ့အိတ်လုခံရတာကို ပြန်ယူပေးခဲ့မိပြီးရင်းနီးသွားခဲ့ကြတယ်။ အဲဒီအချိန်မှာမင်းသမီးကိုကြိုက်နေတဲ့သူဌေးတစ်ယောက်က ရှီထိုတို့ကိုမနာလိုဖြစ်ပြီး မကောင်းလိုက်ကြံတော့တာပေါ့။သူဌေးကြီးရဲ့ယုတ်မာမှုတွေကိုသည်းခံနိုင်ပါ့မလားအလွဲလွဲအချော်ချော်တွေကြားမှာရွာသား၂ယောက်ရဲ့အိပ်မက်ကိုဘယ်လိုများအကောင်အထည်ဖော်ကြမလဲဆိုတာကို ရယ်ရယ်မောမောခံစားကြည့်လိုက်ပါနော်။။