ဒီတစ်ခါမှာတော့ This Time Each Year ဆိုတဲ့ ခရစ္စမတ်ဇာတ်ကားလေးကိုတင်ဆက်ပေးပါရစေ။ကယ်ဗင်နဲ့လောရန်တို့ဇနီးမောင်နှံဟာ သူတို့စိတ်ကူးအိပ်မက်ထားတဲ့အိမ်လေးတစ်လုံးကိုဝယ်လိုက်ပေမယ့် အဲဒီအိမ်ကြောင့်ပဲပြဿနာတွေဖြစ်ပြီးလင်မယားခွဲနေကြတဲ့အထိဖြစ်သွားတာပါ။လင်မယားခွဲနေပေမယ့်သားဖြစ်သူချာလီအတွက်ခရစ္စမတ်ရောက်ရင်တော့ အတူပြန်ဆုံဖြစ်ကြပါတယ်။တစ်နေ့မှာတော့ သူတို့လင်မယားခွဲနေတာကိုမသိသေးတဲ့လောရန်ရဲ့မိခင်ဖြစ်သူဟာလောရန်ဆီကိုလာနေဖို့အကြောင်းဖန်လာပြီး ကယ်ဗင်နဲ့လောရန်တို့လည်းအတူတူနေသလိုဟန်ဆောင်ဖို့ဖြစ်လာပါတော့တယ်။မိသားစုကိုပြန်ပေါင်းထုပ်ချင်နေတဲ့ကယ်ဗင်အတွက် ဒီခရစ္စမတ်ဟာသူ့အတွက်လက်ဆောင်လိုဖြစ်လာပြီး ကယ်ဗင်တို့မိသားစုလေးဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရမှာပါ။ခရစ္စမတ်ကာလကိုအခြေခံထားတဲ့ Romance ကားလေးဆိုတော့ခရစ္စမတ်vibes အပြည့်ရစေမှာတော့အမှန်ပါပဲ။