ချစ်ပရိသတ်တွေအတွက် သိုင်းကားကောင်းလေးမိတ်ဆက်ပေးလိုက်ပါတယ်…ဒီကားလေးက လွန်လေပြီးသောနှစ်ပေါင်းများစွာက ရှေးလူကြီးတွေကရေမီးသစ်သား မြေ သတ္တု ဆိုတဲ့ ဒြပ်စင်၅ မျိုးကို ဖော်စပ်ခဲ့ပြီး ဒီ ဒြပ်စင် ၅ ပါးရဲ့အရှင်သခင်တွေက လောကဘေးကင်းဖို့ကို ထိန်းသိမ်းဖို့ တာဝန်အသီးသီးယူဖို့ကြံရွယ်ခဲ့တယ်…ဒါပေမယ့် ဒီရတနာအကြောင်းသိတဲ့မသမာသူတွေက ဒီဒြပ်စင် ၅ပါးကိုလက်ထဲအရယူပြီး လောကကို အုပ်စိုးဖို့ကြံခဲ့တယ်…ဒီလိုနဲ့ အာဏာနဲ့ ဂုဏ်၊ ကြွယ်ဝချမ်းသာမှုကအရေးကြီးတယ်လို့ ထင်ထားတဲ့ဟင်းရွက်သည်လေး ယန်ရိကျင်းတစ်ယောက်သတ္တုအရှင်သခင်ဖြစ်လာခဲ့ချိန်မှာတော့… လောကရဲ့တကယ့်တန်ဖိုးရှိတဲ့အရာကို ဆုံးရှုံးခဲ့ရပါတယ်… ဒါကြောင့်လည်းအချိန်ခရီးသွားချိန်မှာ သူဘာကိုပြောင်းလဲနိုင်မယ်ဆိုတာလည်းစိတ်ဝင်စားစရာပါပဲ…