The Cotton Club HD

The Cotton Club

Crime Drama HD 1984-12-14 6.5 129 Min

ဟာလမ်ရဲ့ နာမည်ကျော် “Cotton Club” ဆိုတာကတော့ လူမည်းဂီတပညာရှင်တွေတီးခတ်ပြီး လူဖြူလူကုံထံတွေအများဆုံးလာရောက် အပန်းဖြေလေ့ရှိတဲ့ နိုက်ကလပ်တစ်ခုပဲ ဖြစ်ပါတယ် ။ဒစ်စီဒွိုင်ရာကတော့ “Cotton Club” ရဲ့ ဂျက်ဇ်ကော်နက်တီးတဲ့ တစ်ဦးတည်းသော လူဖြူတစ်ယောက်ပါ။တစ်နေ့မှာတော့ ကလပ်ကိုလာတဲ့ ဒတ်ချ်ရှော့ဇ်ဆိုတဲ့ လူဖြူသူဌေးတစ်ယောက်ကို ကယ်လိုက်ရာကနေ သူ့လက်အောက်မှာ အလုပ်ဝင်ဖို့ ဖြစ်သွားပါတယ်။အဲဒီအလုပ်ကတော့ ဒတ်ချ်ရဲ့ ရည်းစားကောင်မလေးဖြစ်တဲ့ ဗယ်ရာ့ကို အဖော်လိုက်လုပ်ပေးရမှာပါ။တကယ်တော့ ဒစ်စီကလည်း ဗယ်ရာ့ကို သဘောကျနေတာပါ။နောက်ပြီးတော့ ဒီကားလေးထဲမှာ ဒစ်စီတို့သုံးပွင့်ဆိုင်အပြင် တခြားသောဇာတ်ဆောင်တွေရဲ့အခန်းလည်း အများကြီးထည့်ထားပါသေးတယ်။လူဖြူ-လူမည်း ဇာတ်ကားတို့ထုံးစံအတိုင်း ဒီကားထဲမှာ လူမျိုးရေးခွဲခြားမှုတွေပါပြီးတော့ လူမည်းတွေရဲ့ ဂီတပါရမီထူးချွန်ပုံတို့ကို မြင်တွေ့ရမှာဖြစ်ပါတယ်။၈၀ခုနှစ်ကျော်က ထွက်ခဲ့တဲ့ musical film တစ်ပုဒ်ဖြစ်ပြီးတော့ အချစ်၊ အကြမ်း၊ အရမ်း ရသအစုံပါဝင်တာမလို့ ဒီကားလေးကို ကြည့်ရှုခံစားပေးကြပါဦးနော်။