Aftermath HD

Aftermath

Action Thriller HD 2024-09-27 5.6 95 Min

ဒီတစ်ခါမှာတော့ အက်ရှင်အကြမ်းစားတွေကိုကြည့်ချင်တဲ့ပရိသတ်တွေအတွက် အက်ရှင်ကားကောင်းတစ်ကားကိုယူဆောင်လာပါတယ်။ဇာတ်ကားနာမည်က Aftermath ဖြစ်ပြီးတော့ အက်ရှင်ဇာတ်ကားတွေနဲ့ ဆုပေါင်းများစွာရရှိထားတဲ့ ဒါရိုက်တာPatrick Lussier က ရိုက်ကူးထားပါတယ်။အဓိကဇာတ်ဆောင်တွေအဖြစ် Mason Gooding,Dylan Sprouse, Dichen Lachman တို့က ပါဝင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ အကြမ်းဖက်အဖွဲ့တစ်ခုဟာ တံတားတစ်စင်းကိုဖောက်ခွဲပြီးတော့ တံတားပေါ်ကလူတွေကို ဓားစာခံဖမ်းလိုက်ပါတယ်။ဒါပေမယ့် အဲဒီဓားစာခံတွေထဲမှာ စစ်သားဟောင်းတစ်ယောက်ဖြစ်တဲ့ Eric နဲ့အတူ သူ့ညီမလေးပါ ပါသွားပါတယ်။ဒီလိုနဲ့ Eric ဟာ သူ့ညီမလေးနဲ့အတူ ဓားစာခံအဖြစ်ကနေဘယ်လိုလွတ်မြောက်အောင်လုပ်မလဲဆိုတာကိုစိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုကြရမှာပါ။အမိုက်စားအက်ရှင်ခန်းတွေနဲ့အတူ အကြမ်းပတမ်းရိုက်ကူးပြသထားပြီးတော့ အက်ရှင်ရသကို အပြည့်အဝပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။