အခုတစ်ခါမှာတော့ Lubuk ဆိုတဲ့Thriller ကားလေးကိုတင်ဆက်ပေးပါရစေ။ဒီကားလေးဟာ အိမ်ခြေယာခြေမဲ့လူတွေကိုစောင့်ရှောက်ပေးတဲ့ ဂေဟာတစ်ခုမှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်ကိုဇာတ်အိမ်တည်ပြီးရိုက်ထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ဂေဟာကြီးက စပွန်ဆာပေးတဲ့သူတွေကြောင့်လည်ပတ်နေပြီးအဆောင်သူ အဆောင်သားတွေက ပျော်ရွှင်စွာနေနေကြပါတယ်။ဂေဟာကို အဆောင်သားသစ်တစ်ယောက်ရောက်လာတိုင်းအဆောင်သားဟောင်းတစ်ယောက်ကလျော့သွားတတ်တဲ့တိုက်ဆိုင်မှုလေးတွေကစပြီးဂေဟာကြီးရဲ့ ထူးဆန်းမှုကို အဆောင်သားတွေ သတိထားမိလာကြပါတော့တယ်။ဘယ်လိုထူးဆန်းမှုမျိုးလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင်ပါ။ဇာတ်လမ်းအစကနေအဆုံးအထိတဖြည်းဖြည်းချင်းဇာတ်ရှိန်တက်လာမယ့် Thrillerကားလေးမို့လို့ဇာတ်ကားကောင်းကြိုက်နှစ်သက်သူတွေအတွက်အကြိုက်ဖြစ်စေမှာပါ။