Yudhra HD

Yudhra

Action Thriller HD 2024-09-20 4 142 Min

ဇာတ်ကားအကျဉ်းကတော့-ရဲဌာနရဲ့ အတော်ဆုံးအရာရှိနဲ့ သူ့ဇနီးသည်ဟာ ပါတီပွဲကအပြန်မှာမတော်တဆလား တမင်သက်သက်လားဆိုတာမသိတဲ့ကားအက်စီဒန့်တစ်ခုဖြစ်ပွားခဲ့ပြီး သေဆုံးသွားကြပါတယ်။ကိုယ်ဝန်နေ့စေ့လစေ့နဲ့မိခင်သေဆုံးသွားပေမယ့် ယုဒရာလေးကိုတော့ဗိုက်ထဲကခွဲထုတ်ပြီးကယ်တင်နိုင်ခဲ့ပါတယ်။မမွေးခင်ကတည်းက မိဘမဲ့ဖြစ်သွားခဲ့တဲ့ယုဒရာလေးကိုတော့ သူ့အဖေရဲ့မိတ်ဆွေတို့ကသားလေးတစ်ယောက်လိုမွေးစားခဲ့တယ်။ယုဒရာလေးဟာ မိဘမဲ့ဖြစ်တာရော ၊ သူ့ရဲ့မွေးဖွားလာပုံတို့ကြောင့်ရောစိတ်မထိန်းနိုင်ဘဲ ရန်လိုတဲ့ ဒေါသအိုးလေးအဖြစ်ကြီးပြင်းလာခဲ့ပါတယ်။ကျောင်းသားလေးဘဝမှာကတည်းက သူ့ရဲ့ပုတ်သင်ညိုကိုသတ်ပစတဲ့ကောင်လေးကို ပြန်သတ်ဖို့လုပ်တာကြောင့် ကျောင်းထုတ်ခံလိုက်ရပြီးကြီးပြင်းလာတာနဲ့အမျှ ဆိုင်ကယ်ပြိုင်မောင်းတာလိုမျိုးအန္တရာယ်နဲ့ကစားရတဲ့အရသာတွေကို ခုံမင်တဲ့လူဆိုးလေးဖြစ်လာပါတော့တယ်။အဲဒါကြောင့် သူ့မွေးစားအဖေတွေက မီးနဲ့ကစားရမှရင်ခုန်တတ်တဲ့သူ့ရဲ့စိတ်ဓာတ်ကို လမ်းကြောင်းမှန်ပေါ်တင်ပေးဖို့အတွက်အမျိုးသားအရာရှိလေ့ကျင့်ရေးကျောင်းကို ပို့လိုက်ပါတယ်။အဲဒီနောက်မှာတော့ ယုဒရာတစ်ယောက် ထိပ်သီးလူဆိုးဂိုဏ်းတွေနဲ့ ဘယ်လိုအပြိုင်ကြဲမလဲ ၊မိဘတွေသေဆုံးမှုကိုရော ဖော်ထုတ်ပြီး လက်စားချေနိုင်မလားဆိုတာတွေကိုအသတ်အပုတ် အက်ရှင်ခန်းများများနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပြီး တခြားပေါကားတွေလိုမဟုတ်ဘဲသေသေသပ်သပ်ဖြစ်လာတဲ့ဇာတ်ကွက်တွေကြောင့် ကြည့်ရကျိုးနပ်မယ့်ဇာတ်ကားတစ်ခုအနေနဲ့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဗျ။