Firecracker HD

Firecracker

Action Thriller HD 2024-02-23 5.6 107 Min

ဓားပြတိုက်မှုတစ်ခု မှားယွင်းစွာဖြစ်သွားတဲ့အခါမှာမီးပုံပွဲညမှာအိမ်ထဲမှာ ပိတ်မိနေတဲ့ လူသုံးယောက်ဘာဆက်ဖြစ်မလဲဆိုတာ….မတ်တေဒါဝက်ဆန်လို့ခေါ်တဲ့ ရှပ်ပြာနိုင်ပြီး အလုပ်သေချာမကျွမ်းတဲ့အိမ်ပွဲစားပေါက်စမလေးတစ်ယောက်က တစ်ရက်မှာတော့ရာဇဝတ်မှုဖြစ်ထားပြီး ဈေးကွက်ထဲကို မကြာခင်ကမှပြန်ရောက်လာတဲ့ အိမ်ကိုလိုက်ပြဖို့ ဖြစ်လာပါတော့တယ်။ဖြစ်ချင်တော့ သူအိမ်ပြပေးရတဲ့အတွဲက အဲ့အိမ်မှာဖြစ်ခဲ့တဲ့ရာဇဝတ်မှုနဲ့ ပက်သက်တဲ့သူတွေဖြစ်ပြီးသူတို့ရှာလို့မပြီးသေးတာကို ပြန်ရှာဖို့ရောက်လာကြတဲ့အခါ….သာမန်အိမ်ပွဲစားမလေးတစ်ယောက်ကနေ ဓားစာခံဖြစ်သွားပြီးနောက်သူမအသက်ရှင်ဖို့ ဘယ်လိုကြံမလဲဆိုတာ မတ်တေဒါတစ်ယောက်နောက်ဆုံးမှာ လွတ်မြောက်နိုင်မလား နောက်ကွယ်ကကြိုးကိုင်နေတာတွေကရော ဘယ်သူတွေလဲဆိုတာရင်ခုန်စွာ ကြည့်ရမှာဖြစ်ပါတယ်။အက်ရှင်ကားဆိုပေမယ့် မထင်ထားလောက်စရာ plot twist တွေလည်းပါတာမို့စိတ်ဝင်စားဖို့ကောင်းကောင်းနဲ့ ရုပ်ရှင်နောက်ဆုံးပိုင်းထိ ဆွဲခေါ်သွားနိုင်မှာ အသေအချာပါပဲအခုလိုရာသီမှာ ဒီလိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့ အက်ရှင်ကားလေးကတော့ပျင်းဖို့ကောင်းဖို့ကောင်းတဲ့ညဘက်တွေမှာ ကြည့်ဖို့ အသင့်တော်ဆုံးပဲမို့ကျွန်မတို့  ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။