ဒီတစ်ခါမှာတော့ Thriller Drama ဇာတ်ကားတွေ ကြည့်ရတာကိုသဘောကျတဲ့ ပရိတ်သတ်တွေအတွက် Thriller ဇာတ်ကားတစ်ကားကို ယူဆောင်လာပါတယ်။ အဓိကဇာတ်ဆောင်တွေအဖြစ်Nicole Marie Johnson, Ben VanderMey, Daniel Di Amanteတို့က ပါဝင်အားဖြည့်ပေးထားပြီးတော့ ဒါရိုက်တာ Ben Meyerson ကရိုက်ကူးပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ လုပ်ငန်းခွင်ပြန်ဝင်နိုင်ဖို့အတွက် ကလေးထိန်းရှာနေတဲ့ မိခင်တစ်ယောက်ဟာသူ့မိတ်ဆွေရဲ့သားဖြစ်သူ Matt ကို ကလေးထိန်းအဖြစ်ငှားလိုက်ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ Matt မှာ တခြားရည်ရွယ်ချက်တွေ ရှိနေခဲ့ပါတယ်။ အဲဒီရည်ရွယ်ချက်တွေကဘာတွေဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါ။ဇာတ်လမ်းက Plot twist တွေနဲ့ ပြည့်နှက်နေပြီးတော့ ကြည့်နေရင်းဟင်ကနဲ ဟာကနဲဖြစ်သွားမှာတော့ အသေအချာပါပဲ။ဇာတ်သိမ်းကို ခန့်မှန်းလို့မရအောင် ရိုက်ကူးထားပြီးတော့ပရိသတ်တွေကို စိတ်လှုပ်ရှားဖွယ် ရသပေါင်းစုံပေးစွမ်းနိုင်တဲ့Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။