Redemption in Time and Space 时空救赎 HD

Redemption in Time and Space 时空救赎

Action Crime HD 2024-10-22 8.3 0 Min

သဘာဝလွန်ဇာတ်ကားတွေကြိုက်တတ်တဲ့ ပရိတ်သတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ဇာတ်ကားကောင်းလေးတစ်ကားကို CM ကနေတင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်ကားလေးကတော့ သေနတ်တစ်လက်ကအစပြုပြီးအရင်းနှီးဆုံးလူတွေရဲ့စိတ်ရင်းမှန်တွေကို သိလိုက်ရတဲ့အဖြစ်အပျက်လေးကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ –အားကျယ်လို့ခေါ်တဲ့ကောင်လေးက ဒုစရိုက်လောကက ဂိုဏ်းတစ်ခုရဲ့အဖွဲ့ဝင်တစ်ယောက်ပါ ။ဒါပေမဲ့ သူကသစ္စာရှိပြီး ညီအစ်ကိုသံယောဇဉ်ကိုလည်းအလွန်မှ တန်ဖိုးထားပါတယ် ။တစ်နေ့မှာတော့ သူတို့ဆိုင်တစ်ဆိုင်ကိုပစ္စည်းဝင်လုဖို့ မစ်ရှင်လုပ်ကြရင်းမထင်မှတ်ထားဘဲ အဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုတစ်ခုဖြစ်လာပါတော့တယ် ။အဲဒီအချိန် သူမထင်မှတ်ထားတဲ့ သူ့ညီအစ်ကိုက သူ့အစ်ကိုကြီးကိုပစ်လိုက်တဲ့အခါသူ့ကိုယ်သူစိတ်မထိန်းနိုင်ဘဲ သူလည်း အဲဒီညီအစ်ကိုသေနတ်နဲ့ပစ်လိုက်ပါတော့တယ် ။ဒါပေမဲ့ မထင်မှတ်ထားဘဲ သူကိုယ်တိုင်က သူပစ်လိုက်တဲ့သူရဲ့ခန္ဓာကိုယ်ထဲဝိညာဉ်ဝင်သွားတဲ့အချိန်မှာတော့….သူတို့အချင်းချင်းအပြင်မှာအဆင်ပြေသလိုရှိပေမဲ့ စိတ်ထဲမှာဘယ်လိုအကောက်ကြံနေလဲဆိုတာကို ခံစားကြည့်ဖို့အခွင့်အရေးရလာပါတော့တယ် ။ကဲဇာတ်လမ်းလေးထဲမှာ သူဒီလိုမျိုးသူများကိုယ်ထဲဝင်ခံစားရင်အချင်းချင်းပစ်ခတ်ကြတဲ့ကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာကိုစိတ်ဝင်စားစွာနဲ့အဆူံးထိစောင့်ကြည့်ပေးကြပါအုံးနော်။