The gatekeeper(2024)ကားလေးကတော့ ဖိလစ်ပိုင်ဟော်ရာ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။Trauma တွေနဲ့ကောင်မလေးတစ်ယောက်ဟာတစ်ယောက်တည်းရှင်သန်လာပြီး ရှေးဟောင်းပစ္စည်းတွေကိုလေ့လာစုဆောင်းရသည်ကို ဝါသနာပါသည့်အလျှောက်ရှေးဟောင်းပစ္စည်းဆိုင်တစ်ခုဖွင့်ထားပါတယ်။တစ်နေ့ မြိုနယ်လေးတစ်ခုမှာ ဘုန်းတော်ကြီးတစ်ဦးဆုံးပါးသွားပြီးနောက် သူရဲ့ကျန်ရှိတဲ့ပစ္စည်းတွေကိုဝယ်ယူဖိုသွားပါတယ်။သူဝယ်ယူခဲ့တဲ့ ဘုန်းတော်ကြီးရဲ့ ဗီဒို ဟာ ဘယ်လိုဆန်းကြယ်မှုတွေနဲ့ပြည့်နက်နေမလဲ နောက်ကွယ်မှာ ဘယ်လို လျှိဝှက်ချက်တွေရှိနေလဲဆိုတာတွေကို သူနဲ့ သူ့သူငယ်ချင်းနှစ်ယောက်တို အဖြေရှာကြရင်းဘယ်လိုစိတ်လှုပ်ရှားဖွယ် တွေနဲ့ ရင်ဆိုင်ရမလဲကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှူနိုင်မှာဖြစ်ပါတယ်။ဂျူးလူမျိုး Hebrew ဘာသားစကားတွေ သမိုင်းအကြောင်းတွေနတ်ဆိုးအကြောင်းတွေစိတ်ဝင်စားသူများအတွက်ဒီဇာတ်ကားလေးကအထူးဆွဲဆောင်နိုင်တယ်လို အာမခံပါတယ်။