၂၀၀၁ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီ ‘Frailty’ ရုပ်ရှင်ကတော့မင်းသားကြီး Bill Paxton ရဲ့ဒါရိုက်တာအဖြစ်ပွဲဦးထွက်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီးတော့ ကိုယ်တိုင်လည်းပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။မင်းသားကြီးအပြင် Interstellar, Dallas Buyers Club နဲ့The Wolf of Wall Street တို့မှာပါဝင်သရုပ်ထားတဲ့နာမည်ကြီးမင်းသား Matthew McConaughey ကလည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။IMDb မှာလည်း 7.2 ရရှိထားတဲ့အပြင် Rotten Tomatoes မှာလည်း75% ရထားတဲ့အတွက် တော်တော်လေးအဆင်ပြေတဲ့ Rating တွေလို့ပြောရမှာပါ။ဖန်တန်ဆိုတဲ့ထူးဆန်းတဲ့လူတယောက်ကအက်ဖ်ဘီအိုင်အေးဂျင့်စီကိုလာပြီးသူတို့ရှာနေတဲ့ကွင်းဆက်လူသတ်သမားကသူ့အကိုဖြစ်ကြောင်းပြောပြခဲ့တယ်သူတို့ညီအကိုငယ်စဥ်ထဲကသူ့အဖေကနေဘုရားသခင်ကသူတို့မိသားစုကိုနတ်ဆိုးတွေကိုနှိမ်နင်းဖို့အထူးလျှို့ဝှက်တာဝန်ပေးထားတာဆိုပြီးလူတွေတယောက်ပြီးတယောက်ကိုသတ်ခဲ့တယ်တကယ်ပဲနတ်ဆိုးတွေကိုနှိမ်နင်းတာလားအမှုရဲ့တရားခံအစစ်ကရောဘယ်သူလဲဆိုတာမျိုးကိုဇာတ်လမ်းတခုလုံးအဖြေရှာသွားရမယ့်Mysteryအမျိုးအစားပီသတဲ့ရုပ်ရှင်ကားကောင်းတကားဖြစ်ပါတယ်