ဒီတစ်ခါအလှည့်ကျတာကတော့ IMDb 7.5 ရရှိထားတဲ့Andhaghaaram ဆိုတဲ့ တမီးလ်စကားပြော Horror ,Mystery ဇာတ်ကားပဲဖြစ်ပါတယ်။ဒီကားဟာဆိုရင် Netflix မှာ ထုတ်လွှင့်ခဲ့ကတည်းကခြားတဲ့ဇာတ်လမ်းသွားနဲ့ စိတ်ခြောက်ခြားစရာခံစားချက်ကိုပေးနိုင်တဲ့အတွက် မှတ်ချက်ကောင်းတွေရရှိခဲ့တာပဲဖြစ်ပါတယ်။ဇာတ်ကားအစမှာ တစ်ယောက်နဲ့တစ်ယောက် အဆက်အစပ်မရှိတဲ့အမျိုးသား သုံးယောက်နဲ့ သူတို့ဘဝရဲ့ ဆိုးရွားတဲ့အဖြစ်အပျက်တွေကို ပုံဖော်ထားပါတယ်။ပထမလူကတော့ နိုင်ငံ၏ အကျော်ကြားဆုံး စိတ်ရောဂါကု ဆရာဝန် ဒေါက်တာအင်ဒရန်ဖြစ်ပြီးစိတ္တဇလူနာတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် မိသားစုတစ်ခုလုံး အစုလိုက်အပြုံလိုက်သေဆုံးသွားခဲ့ပြီး အသံရော အလုပ်ကိုပါ ဆုံးရှုံးခဲ့ရသူပါ။ဒုတိယလူက ဆယ်လ်ဗန်ဖြစ်ပြီး စာကြည့်တိုက်မှာအလုပ်လုပ်နေတဲ့ရိုးသားကြိုးစားတဲ့ မျက်မမြင်လေးတစ်ယောက်ဖြစ်ပါတယ်။တတိယတစ်ယောက်ကတော့ အသစ်တပ်ဆင်ထားတဲ့ဖုန်းကတဆင့်လျှို့ဝှက်ဆန်းကြယ်တဲ့ ဖုန်းခေါ်ဆိုမှုတွေကို လက်ခံရရှိနေတဲ့ ဗင်နို့ဒ်ပဲဖြစ်ပါတယ်။ဒီအကြောင်းတွေကို ရည်းစားကိုရင်ဖွင့်ပေမယ့်ရူးကြောင်ကြောင်ဖြစ်နေတယ်လို့ ထင်မှတ်ခံနေရသူပါ။အဲဒီအမျိုးသားသုံးယောက်ဟာ ဘယ်အချိန်မှာ ဘယ်လိုပတ်သက်ဆက်နွယ်လာမလဲဆိုတာတဖြည်းဖြည်းချင်းပုံဖော်ရိုက်ကူးထားပြီး စိတ်ဝင်တစားနဲ့ အဆုံးထိဆွဲခေါ်သွားနိုင်မယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ Slow burn typeဖြစ်ပေမယ့် ထူးခြားကောင်းမွန်တဲ့တင်ဆက်မှုနဲ့ မထင်ထားတဲ့လှည့်ကွက်တွေပါဝင်တာကြောင့်သင့်အတွက် အချိန်ကုန်လို့ကုန်သွားမှန်းတောင်မသိဘဲဖြစ်သွားမှာပါ။