MV တစ်ပုဒ်လိုလှတဲ့ ရှုခင်းတွေနဲ့ စိတ်လှုပ်ရှားစရာ ဟာသမှုခင်းဇာတ်လမ်းကိုရှာနေတယ်ဆိုရင် ဒီရုပ်ရှင်လေးကို ကြည့်ဖို့ ညွှန်းပါရစေ။ ဇာတ်လမ်းအကျဉ်းလေးကတော့-လွန်ခဲ့တဲ့ ၂ နှစ်က မူးယစ်ဖမ်းဆီးရဲမေ ရှောင်ယွီဟာ တာဝန်ထမ်းဆောင်နေချိန်မှာမူးယစ်ဂိုဏ်းအဖွဲ့ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒီအချိန်ကစသူ့ရဲ့ချစ်သူ လောင်ရှန့်ဟာ ရူးသွားခဲ့ပြီး ခြေဦးတည့်ရာထွက်ခဲ့ပြီးနောက်အနောက်မြောက်ဘက်ကို ရောက်လာခဲ့ပြီး ဦးလေးယင်တို့အဖွဲ့နဲ့အတူ နေထိုင်နေပါတယ်။တစ်နေ့မှာ ဦးလေးယင်တို့အဖွဲ့က မူးယစ်အဖွဲ့နဲ့ အပေးအယူလုပ်ဖို့ လောင်ရှန့်ကို သွားခိုင်းပါတယ်။လောင်ရှန့်နဲ့ အပေးအယူလုပ်ဖို့ ရောက်လာတဲ့လူကတော့ယွမ် ၂ သောင်းနဲ့ ပစ္စည်းပို့ခိုင်းလို့ ရောက်လာတဲ့ မှောင်ခိုကားဆရာ လျိုလုပဲဖြစ်ပါတယ်။အပေးအယူလုပ်မဲ့အချိန်မှာ လောင်ရှန့်တစ်ယောက် အရူးဖောက်ပြီး ပိုက်ဆံအိတ်ကိုယူပြေးတဲ့အခါ ဦးလေးယင်တို့အဖွဲ့ကလည်း အလိမ်ခံရတဲ့ ခံပြင်းစိတ်နဲ့အနောက်က လိုက်ဖမ်းပါတော့တယ်။ သူတို့တွေ ခရီးလမ်းတစ်လျှောက်မှာဘယ်လို အလွဲမျိုးတွေနဲ့ ကြုံကြရမလဲ ဆိုတာကို ရုပ်ရှင်ကို ဆက်ပြီးကြည့်ရှုခံစားလိုက်ရအောင်နော်။