ရန်ဖြစ်လိုက် ပြန်ချစ်လိုက်မဟုတ်ဘဲ ရန်ပဲဖြစ်နေရာကနေ ဖြစ်ပေါ်လာမယ့် ငယ်သူငယ်ချင်းဇာတ်လမ်း။မီနိုရူနဲ့ အာကီက ငယ်ငယ်တည်းက အတူကြီးပြင်းလာကြတဲ့ သူငယ်ချင်းတွေဖြစ်ကြပေမဲ့မီနိုရူက ငကြောက်လေးဖြစ်ပြီး၊ အာကီကတော့ မီနိုရူအနိုင်ကျင့်ခံရတိုင်းရှေ့ကနေ ရန်တွေ့ပေးတတ်တဲ့ ခပ်စွာစွာ ကောင်မလေးဖြစ်နေပါတယ်။ဒီလိုနဲ့ သူများအနိုင်ကျင့်တာ မခံရပေမဲ့ အာကီအနိုင်ကျင့်တာပဲ ခံလာရတဲ့ မီနိုရူတစ်ယောက်အထက်တန်းကျောင်းသားဖြစ်လာတဲ့အချိန်မှာ ဒီအခြေအနေကနေ ရုန်းထွက်ဖို့အတွက် လက်ဝှေ့သင်တန်း ခိုးတက်ပါတော့တယ်။ရည်ရွယ်ချက်က အနိုင်ကျင့်မခံရတော့ဖို့၊ အာကီရဲ့ ထိန်းချုပ်မှုအောက်ကနေပါ ရုန်းထွက်နိုင်ဖို့ပါပဲ။ဒီလိုနဲ့ လက်ဝှေ့သင်တန်းရောက် မီနိုရူတစ်ယောက် တကယ် ရင်ဆိုင်ရမယ့်အခက်အခဲက ဘာများဖြစ်နေမလဲ။အာကီလက်ထဲကနေရော ရုန်းထွက်နိုင်ပါ့မလားဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။