ဒီတစ်ခါ မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ ၂၀၂၄ ခုနှစ်ထွက်အက်ရှင်ဟာသကားအမျိုးအစားဖြစ်ပါတယ်။Mirg ဆိုတဲ့ ကျားသစ်ဟာ တွေ့မြင်ရခဲတဲ့ဒဏ္ဍာရီလာကျားသစ်ဖြစ်ပြီး ဟိမချပ်ပြည်နယ်ရဲ့အနိမ့်ပိုင်းဒေသတွေမှာ ကျက်စားလေ့ရှိပါတယ်။ဇာတ်ကားအကျဉ်းကတော့-ဒီကားထဲမှာတော့ အနဲလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဟာတရားမဝင်အလုပ်တွေခိုင်းတတ်တဲ့ ခေါင်းဆောင်လက်အောက်မှာအမိန့်တွေကို နာခံတတ်သူတစ်ယောက်ဖြစ်ပါတယ်။တစ်ရက်မှာတော့ သူနဲ့တွဲဖက် ရစ်ထုပ်ကြီးရာဗီနဲ့ကြားမှာအမှတ်မထင် သဘောထားကွဲလွဲမှုလေးတွေဖြစ်ပြီးတဲ့နောက်ဘဝအပေါ်အမြင်တွေလည်း ပြောင်းလဲသွားခဲ့ပါတယ်။သူက ဘာလို့ ဒီအမိန့်တွေကို မျက်စိမှိတ်နားပိတ်ပြီး လိုက်နာနေရသလဲ?မတရားမှန်းသိပေမယ့်လည်း ဘာကြောင့် ဘယ်သူကမှ မတော်လှန်ရဲကြတာလဲ?အာဏာရှိသူတွေက တကယ်ပဲ ဒဏ္ဍာရီတွေထဲကပြောသလို နည်းနည်းမှသွားထိလို့မရတဲ့သူတွေဟုတ်ရဲ့လား? ဒါမှမဟုတ်သူတို့အပေါ်ကြောက်ရွံမှုတွေပိုများလာစေဖို့ ဝါဒဖြန့်ခြင်းသက်သက်ပဲလား?မုဆိုး(hunter)နဲ့ သားကောင်(hunted)ကြားမှာ စာလုံးလေးတစ်လုံးပဲကွာခြားတယ်။Dထည့်လိုက်တာနဲ့ သားကောင်ဖြစ်ပြီး R ထည့်ရင် မုဆိုးဖြစ်သွားတယ်။ဒီထက်မပိုသလို ဒီထက်လည်းမနည်းဘူး။ အနဲကိုယ်တိုင်ရောမုဆိုးဖြစ်မလား သားကောင်ဖြစ်မလားဆိုတာ…