Colors of Evil: Red HD

Colors of Evil: Red

Crime Thriller Mystery HD 2024-05-29 6.782 112 Min

စိတ်ဝင်တစားကြည့်ရှုရမဲ့ ပိုလန်စုံထောက်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ကမ်းခြေတစ်ခုမှာ အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရာကစပါတယ်။ဘယ်သူဘယ်ဝါ စုံစမ်းကြည့်တဲ့အခါမှာတော့ တရားသူကြီးတစ်ဦးရဲ့ သမီးဖြစ်နေပါတယ်။သတ်ခံရတဲ့ ကောင်မလေးနာမည်က မိုနီကာတဲ့။ သူ့ကိုသတ်သွားတဲ့ပုံစံကတစ်ချိန်တုန်းက အသတ်ခံခဲ့ရတဲ့ အမျိုးသမီးလေးတစ်ယောက်နဲ့ လာတူနေပါတယ်။အရင်အမျိုးသမီးကို သတ်သွားတဲ့တရားခံက ထောင်ကလွတ်နေပြီဖြစ်တဲ့အတွက် သွားဖမ်းလာခဲ့တဲ့အချိန်တရားခံဖြစ်သူက ရဲစခန်းကနေခုန်ချပြီး အဆုံးစီရင်သွားခဲ့ပါတယ်။ဒီမှာပဲ တရားခံက သူပဲသေချာတယ်ဆိုပြီး ရဲတပ်ဖွဲ့က အမှုကို ပိတ်လိုက်ပါတယ်။ဒါပေမဲ့ စုံထောက်ဘီလ်စကီကတော့ အဲဒါကိုလက်မခံဘဲ အထက်လူကြီးတွေတားနေတဲ့ကြားကတရားခံအစစ်ကိုဖော်ထုတ်ဖို့ ကြိုးစားချိန်မှာတော့…။